ကောရိန္တုဩဝါဒစာဒုတိယစောင် 8:7
သင်တို့သည်ယုံကြည်ခြင်း၊ နှုတ်သတ္တိ၊ ပညာ ဉာဏ်၊ ကူညီရန်စေတနာ၊ ငါတို့အားချစ်ခြင်း အစရှိသည့်ပါရမီတို့နှင့်ပြည့်စုံကြွယ်ဝ ကြ၏။ သို့ဖြစ်၍ဒါနပါရမီနှင့်လည်း ပြည့်စုံကြွယ်ဝကြောင်းကိုပြသကြလော့။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 8
Cross References
Romans 15:14ညီအစ်ကိုတို့၊ သင်တို့သည်ကောင်းမြတ်ခြင်း ပါရမီနှင့်လည်းကောင်း၊ အသိပညာအမျိုး မျိုးနှင့်လည်းကောင်းပြည့်စုံလျက်အချင်းချင်း သွန်သင်နိုင်ကြကြောင်းကိုငါစိတ်ချယုံ ကြည်၏။-
1 Corinthians 4:7အဘယ်သူသည်သင်တို့အားသူတစ်ပါး ထက်ထူးကဲစေပါသနည်း။ သင်တို့တွင်ရှိ သမျှသောအရာတို့သည် ဘုရားသခင် ချပေးတော်မူသောအရာများမဟုတ် ပါလော။ သို့ဖြစ်ပါလျက်သင်တို့ရရှိထား သောအရာများသည် ဘုရားသခင်ချပေး တော်မူသောဆုကျေးဇူးများမဟုတ် သကဲ့သို့ သင်တို့အဘယ်ကြောင့်ကြွား ဝါသနည်း။
1 Corinthians 12:13ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။
1 Corinthians 13:8မေတ္တာသည်ထာဝစဉ်တည်၏။ ဗျာဒိတ်တော် အားဖြင့်ဟောပြောနိုင်သောစွမ်းရည်သည် လည်းကောင်း၊ ထူးဆန်းသောဘာသာစကား အမျိုးမျိုးကိုပြောနိုင်သောအခွင့်သည် လည်းကောင်း၊ အသိပညာသည်လည်းကောင်း အမြဲမတည်ဘဲကွယ်ပျောက်လိမ့်မည်။-
2 Corinthians 7:7တိတုကသင်တို့သည်ငါ့ကိုအလွန်တွေ့လိုကြ ကြောင်း၊ အလွန်ဝမ်းနည်းလျက်ရှိကြကြောင်းတို့ ကိုပြောပြသဖြင့်ငါသည်ပို၍ပင်ဝမ်းမြောက်၏။
2 Corinthians 9:8သင်တို့သည်လိုသမျှသောအရာများကို အစဉ်ပင်ရရှိပြီးလျှင်ကောင်းမှုအမျိုးမျိုး တို့တွင်ကူညီမစနိုင်ကြစေရန် ဘုရား သခင်သည်သင်တို့အားလိုသမျှသော အရာတို့ထက်ပို၍ပေးရန်တတ်နိုင်တော် မူ၏။-