ကောရိန္တုဩဝါဒစာဒုတိယစောင် 9:8
သင်တို့သည်လိုသမျှသောအရာများကို အစဉ်ပင်ရရှိပြီးလျှင်ကောင်းမှုအမျိုးမျိုး တို့တွင်ကူညီမစနိုင်ကြစေရန် ဘုရား သခင်သည်သင်တို့အားလိုသမျှသော အရာတို့ထက်ပို၍ပေးရန်တတ်နိုင်တော် မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 9
Cross References
2 Chronicles 25:9ထိုအခါအာမဇိကပရောဖက်အား``ထို သူတို့အားပေးထားသည့်ငွေအချည်းနှီး ဖြစ်ရမည်လော'' ဟုမေးတော်မူ၏။ ပရောဖက်က``ဘုရားသခင်သည်ထိုငွေ ထက်များစွာပေးတော်မူနိုင်၏'' ဟုဆို လေ၏။-
Proverbs 3:9သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။
Proverbs 11:24စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။
Haggai 2:8ကမ္ဘာပေါ်တွင်ရှိသမျှသောရွှေငွေတို့ကို ငါပိုင်၏ဟု အနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
Acts 9:36ယုပ္ပေမြို့တွင်တဗိသနာမည်ရှိသောတပည့် တော်မတစ်ဦးရှိ၏။ (သူ၏နာမည်မှာဂရိ စကားအားဖြင့်ဒေါ်ကာဖြစ်၍ ``ဒရယ်'' ဟု အနက်ရလေသည်။) သူသည်ကောင်းမှုနှင့် စွန့်ကြဲပေးကမ်းမှုကိုအစဉ်သဖြင့်ပြု တတ်၏။-
2 Corinthians 8:2ထိုအသင်းတော်တို့သည်ဆင်းရဲဒုက္ခများကို အလူးအလဲခံခဲ့ရကြ၏။ သို့သော်လည်း လွန်စွာရွှင်လန်းဝမ်းမြောက်လျက်ပင်ရှိရကား သူတို့သည်အလွန်ဆင်းရဲကြသော်လည်း ပေးကမ်းစွန့်ကြဲမှုတွင်အတိုင်းထက်အလွန် ရက်ရောကြ၏။-