ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:6
ချစ်ခြင်းဆိုသည်မှာကိုယ်တော်၏ပညတ်တော် တို့ကိုလိုက်နာကျင့်သုံးခြင်းပင်တည်း။ အစ ကတည်းကပင်လျှင် သင်တို့အားလုံးကြားနာ ခဲ့ရသည့်ပညတ်တော်မှာမေတ္တာတရားကို ကျင့်သုံးရမည်ဟူ၍ဖြစ်သတည်း။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1
Cross References
John 14:21``ငါ့ပညတ်များကိုခံယူ၍စောင့်ထိန်းသော သူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ် သောသူကို ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့ အားပေါ်လွင်ထင်ရှားစေမည်'' ဟုမိန့်တော်မူ၏။
John 15:14သင်တို့သည်ငါပညတ်သည့်အတိုင်းပြု ကျင့်လျှင် ငါ၏အဆွေဖြစ်ကြ၏။-
Galatians 5:13ညီအစ်ကိုတို့၊ လွတ်လပ်မှုရစေရန်ဘုရားသခင် သည်သင်တို့ကိုရွေးကောက်တော်မူပေသည်။ သို့ ရာတွင်လွတ်လပ်မှုကိုအကြောင်းပြ၍ လူ့ဇာတိ အလိုသို့မလိုက်ကြဘဲမေတ္တာဖြင့်အချင်း ချင်းကျေးဇူးပြုကြလော့။-
1 John 2:24သို့ဖြစ်၍သင်တို့သည်အစကပင်ကြားနာခဲ့ ကြသည့်တရားတော်ကိုမိမိတို့၏စိတ်နှလုံး တွင်ထိန်းသိမ်းထားကြလော့။ ယင်းသို့ပြုပါမူ သင်တို့သည်သားတော်နှင့်လည်းကောင်း၊ ခမည်း တော်နှင့်လည်းကောင်းထာဝစဉ်တစ်လုံးတစ်ဝ တည်းတည်ရှိကြလိမ့်မည်။-
1 John 5:15ယင်းသို့ကိုယ်တော်နားညောင်းတော်မူသည်ကို သိကြသဖြင့် ငါတို့သည်မိမိတို့တောင်းလျှောက် သည့်ဆုများကိုချပေးတော်မူသည်ကိုလည်း သိကြ၏။