1 ဓမ္မရာဇဝင်တတိယစောင် 10:21
ထို့နောက်ယေဟုသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးသို့သတင်းပေးပို့လိုက်သဖြင့် ဗာလ ဘုရားကိုကိုးကွယ်သူအပေါင်းတို့သည် တစ်ယောက်မကျန်လာရောက်ကြ၏။ ထိုသူ အားလုံးတို့သည်ဗာလဘုရားဗိမာန်ထဲ သို့ဝင်ကြရာ တစ်ဗိမာန်လုံးပြည့်လေသည်။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 10
Cross References
Judges 16:27ထိုမဏ္ဍပ်သည်အမျိုးသားအမျိုးသမီးများ နှင့်ပြည့်လျှံလျက်ရှိ၏။ ဖိလိတ္တိဘုရင်ငါးပါး တို့သည်လည်းထိုမဏ္ဍပ်တွင်ရှိကြ၏။ အမျိုး သားအမျိုးသမီးစုစုပေါင်းသုံးထောင်ခန့် သည် မဏ္ဍပ်အမိုးပေါ်မှရှံဆုန်ဖျော်ဖြေနေ သည်ကိုကြည့်ရှုလျက်ရှိကြ၏။
2 Kings 11:18ထိုနောက်ပြည်သူတို့သည်ဗာလဘုရားဗိမာန် ကိုဖြိုဖျက်၍ ယဇ်ပလ္လင်များနှင့်ရုပ်တုများကို ချိုးဖဲ့ပြီးလျှင် ယဇ်ပလ္လင်များ၏ရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုကွပ်မျက်ကြ၏။ ယောယဒသည်ဗိမာန်တော်တွင်အစောင့်များ ချထားပြီးနောက်၊-
Joel 3:11အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့ အလျင်အမြန်လာ၍၊ ချိုင့်ဝှမ်း၌စုရုံး ကြ လော့' ဟုမိန့်တော်မူ၏။'' အို ထာဝရဘုရားထိုသူတို့အားတိုက်ခိုက်ရန် ကိုယ်တော်ရှင်၏တပ်မတော်ကိုစေလွှတ်တော် မူပါ။