1 ဓမ္မရာဇဝင်တတိယစောင် 10:27
သို့ဖြစ်၍သူတို့သည်ဗာလကျောက်တိုင်နှင့် ဗာလဗိမာန်ကိုဖြိုဖျက်ပစ်ကြ၏။ ထိုဘုရား ဗိမာန်ကိုကိုယ်လက်သုတ်သင်ရန် အိမ်အဖြစ် အသုံးပြုခဲ့သည်မှာယနေ့တိုင်အောင်ပင် ဖြစ်သတည်း။
Common Language Bible
In The King James Version
In Context
26ဗာလဘုရားကျောက်တိုင်ကိုယူပြီးလျှင် မီးရှို့ကြ၏။-
28ဤကားဗာလဘုရားအားကိုးကွယ်မှုကို ဣသရေလပြည်တွင်ပယ်ရှားခဲ့ပုံပင်ဖြစ်၏။-
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 10
Cross References
Exodus 34:13သင်တို့သည်သူတို့၏ယဇ်ပလ္လင်များကိုဖြို ဖျက်ရမည်။ သူတို့၏ဘုရားကျောက်တိုင်များ ကိုဖျက်ဆီးရမည်။ သူတို့၏အာရှရဘုရား မသစ်တိုင်များကိုခုတ်လှဲရမည်။
Deuteronomy 7:5ထို့ကြောင့်သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ ရမည်။ သူတို့၏ဘုရားကျောက်တိုင်များကို ချိုးပစ်ရမည်။ အာရှရဘုရားမ၏တိုင်များ ကိုခုတ်လှဲရမည်။ သူတို့၏ရုပ်တုများကို မီးရှို့ဖျက်ဆီးရမည်။-
1 Kings 16:32သူသည်ရှမာရိမြို့တွင်ဗာလဘုရားအတွက် ဗိမာန်တော်ကိုတည်ဆောက်ကာထိုဗိမာန်တွင် ယဇ်ပလ္လင်ကိုတည်၏။-
2 Kings 11:18ထိုနောက်ပြည်သူတို့သည်ဗာလဘုရားဗိမာန် ကိုဖြိုဖျက်၍ ယဇ်ပလ္လင်များနှင့်ရုပ်တုများကို ချိုးဖဲ့ပြီးလျှင် ယဇ်ပလ္လင်များ၏ရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုကွပ်မျက်ကြ၏။ ယောယဒသည်ဗိမာန်တော်တွင်အစောင့်များ ချထားပြီးနောက်၊-
2 Kings 23:7ဘာသာရေးဆိုင်ရာပြည့်တန်ဆာ တို့၏နေအိမ်များကိုလည်းဖျက်ဆီးတော်မူ၏။ (အာရှာရဘုရားမအားဝတ်ပြုကိုးကွယ်ရာ ၌ အသုံးပြုသည့်ဝတ်လုံများကိုထိုနေအိမ် များတွင်အမျိုးသမီးတို့ရက်လုပ်ကြသည်။-)
Ezra 6:11ထပ်မံ၍ငါမိန့်ဆိုသည်မှာ ဤအမိန့်ကိုမနာခံသောသူအား သူ၏အိမ်မှယက်မတစ်ချောင်းကိုယူ၍ထိပ်ကိုချွန်အောင်ပြုလျက်၊ သပ်လျှို၍သတ်စေ၊ သူ၏အိမ်သည်လည်းအမှိုက်ပုံကဲ့သို့ဖြစ်ပါစေ။-