1 ဓမ္မရာဇဝင်တတိယစောင် 10:30
ထာဝရဘုရားကယေဟုအား``သင်သည် ငါပြုစေလိုသည့်အတိုင်း အာဟပ်၏သား မြေးတို့ကိုပယ်ရှားခဲ့လေပြီ။ သို့ဖြစ်၍ သင်၏သားမြေးတို့အား စတုတ္ထအဆက် တိုင်အောင်ဣသရေလပြည်ကိုအုပ်စိုးစေ မည်'' ဟုမိန့်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 10
Cross References
1 Kings 20:42ပရောဖက်ကလည်း``ထာဝရဘုရားက`ရန်သူ ကိုသတ်ရန် ငါအမိန့်ပေးထားသော်လည်းသူ့ ကိုလွှတ်ပစ်လိုက်သည့်အတွက် ထိုသူ၏အသက် အစားသင်၏အသက်ကိုပေးလျော်ရမည်။ သင် ၏တပ်မတော်သည်လည်းထိုရန်သူ၏တပ်မ တော်ကိုထွက်ပြေးခွင့်ပြုသည့်အတွက် သုတ် သင်ဖျက်ဆီးခြင်းကိုခံရမည်' ဟုမိန့်တော် မူပါ၏'' ဟုမင်းကြီးအားဆင့်ဆိုပါ၏။
1 Kings 21:29``ငါ၏ရှေ့မှောက်တွင်အဘယ်မျှအာဟပ်နှိမ့်ချ လျက်နေသည်ကိုသင်မြင်သလော။ ဤသို့နှိမ့်ချ သည့်အတွက်ငါသည်သူ၏လက်ထက်၌ဘေးဒဏ် သင့်စေမည်မဟုတ်။ သူ၏သားလက်ထက်သူ၏ အိမ်ထောင်စုအပေါ်တွင်သင့်စေမည်'' ဟုမိန့် တော်မူ၏။
2 Kings 13:1ယုဒဘုရင်အာခဇိ၏သားတော်ယောရှ၏နန်း စံနှစ်ဆယ့်သုံးနှစ်မြောက်၌ ယေဟု၏သားတော် ယောခတ်သည် ဣသရေလပြည်ဘုရင်အဖြစ် နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံလေသည်။-
2 Kings 14:23ယောရှ၏သားတော်ယုဒဘုရင်အာမဇိ၏ နန်းစံတစ်ဆယ့်ငါးနှစ်မြောက်၌ ယဟောရှ၏ သားတော်ဒုတိယမြောက်ယေရောဗောင်သည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့၌လေးဆယ့်တစ်နှစ်တိုင်တိုင်နန်း စံလေသည်။-
2 Kings 15:8ယုဒဘုရင်သြဇိ၏နန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ ဒုတိယမြောက်ယေရောဗောင်မင်း၏ သားဇာခရိသည် ဣသရေလပြည်ဘုရင် အဖြစ်နန်းတက်၍ရှမာရိမြို့၌ခြောက် နှစ်နန်းစံရ၏။-
Ezekiel 29:18ကိုယ်တော်က``အချင်းလူသား၊ ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာသည်တုရုမြို့ကို တိုက်ခိုက်ခဲ့၏။ သူသည်မိမိ၏စစ်သူရဲ တို့အားအလွန်လေးလံသောဝန်တို့ကို ထမ်းစေသည်ဖြစ်၍ သူတို့၏ခေါင်းပြောင် ၍ပခုံးများသည်လည်းပေါက်ပြဲကုန်၏။ ယင်းသို့ဒုက္ခခံသော်လည်းစစ်သူရဲနှင့် ဘုရင်သည်အဘယ်အကျိုးကိုမျှ မခံစားရကြ။-