The Bible Software
bible.software › 1 ဓမ္မရာဇဝင်တတိယစောင် › 1 ဓမ္မရာဇဝင်တတိယစောင် 10 › 1 ဓမ္မရာဇဝင်တတိယစောင် 10:5

1 ဓမ္မရာဇဝင်တတိယစောင် 10:5

သို့​ဖြစ်​၍​နန်း​တော်​အုပ်၊ မြို့ဝန်၊ မြို့​မိ​မြို့​ဖ များ​နှင့်​အာ​ဟပ်​သား​မြေး​တို့​၏​အုပ်​ထိန်း သူ​များ​က​ယေ​ဟု​ထံ​သို့``အ​ကျွန်ုပ်​တို့​သည် အ​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​သ​ဖြင့် အ​ရှင့် အ​မိန့်​တော်​ကို​လိုက်​နာ​ရန်​အ​သင့်​ရှိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သူ​ကို မျှ​မင်း​မြှောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင် သင့်​တော်​သ​လို​စီ​မံ​တော်​မူ​ပါ'' ဟု​ပြန် စာ​ရေး​၍​ပို့​ကြ​၏။

Common Language Bible

In The King James Version

And he that was over the house, and he that was over the city, the elders also, and the bringers up of the children, sent to Jehu, saying, We are thy servants, and will do all that thou shalt bid us; we will not make any king: do thou that which is good in thine eyes.

In Context

4ရှ​မာ​ရိ​မြို့​ရှိ​အုပ်​ချုပ်​ရေး​မှူး​များ​သည် ထိတ် လန့်​လျက်``ယေ​ဟု​အား​ယော​ရံ​မင်း​နှင့်​အာ​ခ​ဇိ မင်း​တို့​ပင်​လျှင် မ​ခံ​မ​ရပ်​နိုင်​ကြ​ပါ​လျှင် ငါ တို့​အ​ဘယ်​သို့​သူ့​အား​ခံ​ရပ်​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။-

6ယေ​ဟု​က​လည်း``သင်​တို့​သည်​ငါ​၏​ဘက်​သို့ ပါ​၍ ငါ့​အ​မိန့်​ကို​လိုက်​နာ​ရန်​အ​သင့်​ရှိ​ပါ လျှင် အာ​ဟပ်​မင်း​၏​သား​မြေး​တို့​၏​ဦး​ခေါင်း များ​ကို နက်​ဖြန်​ဤ​အ​ချိန်​အ​ရောက်​ငါ့​ထံ သို့​ယူ​ဆောင်​ခဲ့​ကြ​လော့'' ဟု​နောက်​ထပ်​စာ ရေး​ပေး​ပို့​လိုက်​လေ​သည်။ ရှ​မာ​ရိ​မြို့​ရှိ​မြို့​မိ​မြို့​ဖ​တို့​သည် အာ​ဟပ် မင်း​၏​သား​မြေး​ခု​နစ်​ဆယ်​ကို​အုပ်​ထိန်း စောင့်​ရှောက်​လျက်​ရှိ​ကြ​၏။-

Read all of 1 ဓမ္မရာဇဝင်တတိယစောင် 10

Cross References

Joshua 9:11သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​၏​ခေါင်း​ဆောင်​များ နှင့်​အ​မျိုး​သား​အ​ပေါင်း​တို့​က​ခ​ရီး​အ​တွက် ရိက္ခာ​ယူ​ဆောင်​လျက် ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ရန် အ​ကျွန်ုပ်​တို့​အား​စေ​လွှတ်​ကြ​ပါ​သည်။ ကိုယ် တော်​ထံ​၌​အ​ညံ့​ခံ​၍​ငြိမ်း​ချမ်း​ရေး​တောင်း ဆို​ရန်​အ​ကျွန်ုပ်​တို့​အား​မှာ​ကြား​လိုက်​ပါ သည်။-

Joshua 9:25ယ​ခု​အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​လက် တွင်း​သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​၍ ကိုယ်​တော် ပြု​သင့်​သည်​ဟု​ထင်​သည့်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​လေ​သည်။-

1 Kings 20:32ထို့​နောက်​သူ​တို့​သည်​ခါး​တွင်​လျှော်​တေ​စည်း​၍ လည်​တွင်​ကြိုး​များ​ပတ်​ပြီး​လျှင် အာ​ဟပ်​မင်း ထံ​သို့​သွား​ရောက်​ကာ``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ ဒဒ်​က​သူ​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော် မူ​ရန်​ပန်​ကြား​လိုက်​ပါ​သည်'' ဟု​လျှောက် ထား​ကြ​၏။ အာ​ဟပ်​က``ငါ့​နောင်​တော်​အ​သက်​ရှင်​သေး သ​လော'' ဟု​ဆို​၏။

Jeremiah 27:7သူ​၏​နိုင်​ငံ​ပျက်​သုဉ်း​ချိန်​မ​ရောက်​မ​ချင်း လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​စေ​ကို​လည်း ကောင်း၊ သူ​၏​သား​နှင့်​မြေး​တို့​၏​အ​စေ​ကို လည်း​ကောင်း​ခံ​ရ​ကြ​လိမ့်​မည်။ ထို​နောက်​သူ ၏​လူ​မျိုး​သည်​တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး များ​နှင့်​ဘု​ရင်​တို့​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့် မည်။

John 12:26ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သော​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ သို့​မှ​သာ​ငါ​ရှိ​ရာ အ​ရပ်​၌​သူ​သည်​လည်း​ရှိ​လိမ့်​မည်။ ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​သော​သူ​ကို​ခ​မည်း​တော် သည်​ချီး​မြှောက်​တော်​မူ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ဓမ္မရာဇဝင်တတိယစောင် 10:5

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ဓမ္မရာဇဝင်တတိယစောင် 10:41 ဓမ္မရာဇဝင်တတိယစောင် 101 ဓမ္မရာဇဝင်တတိယစောင် 10:6 →