1 ဓမ္မရာဇဝင်တတိယစောင် 11:19
တပ်မှူးများ၊ ဘုရင်၏ကိုယ်ရံတော်တပ်သား များ၊ နန်းတော်အစောင့်တပ်သားများနှင့်အတူ မင်းကြီးအားနန်းတော်သို့ပို့ဆောင်ရာပြည်သူ တို့သည် သူတို့၏နောက်မှလိုက်ပါလာကြလေ သည်။ မင်းကြီးသည်ကင်းတံခါးဝမှဝင်တော် မူ၍ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 11
Cross References
1 Kings 14:27ရောဗောင်သည်ထိုဒိုင်းလွှားများကိုအစားထိုး ရန် ကြေးဝါဒိုင်းလွှားများပြုလုပ်၍နန်းတော် တံခါးစောင့်မှူးတို့အားပေးအပ်တော်မူ၏။-
1 Chronicles 29:23သို့ဖြစ်၍ရှောလမုန်သည်မိမိခမည်း တော်၏အရိုက်အရာကိုဆက်ခံလျက် ထာဝရဘုရားတည်စေသောရာဇပလ္လင် ပေါ်တွင်ထိုင်တော်မူ၏။ သူသည်အောင်မြင် သောဘုရင်ဖြစ်ပေသည်။ ဣသရေလ အမျိုးသားတစ်ရပ်လုံးသည်လည်း သူ၏အမိန့်ကိုနာခံကြလေသည်။-
2 Chronicles 23:19ယောယဒသည်ဗိမာန်တော်ထဲသို့ဘာသာရေး ထုံးနည်းအရ မသန့်စင်သူတစ်စုံတစ်ယောက် မျှမဝင်နိုင်စေရန်တံခါးဝတွင်အစောင့် များကိုချထားလေသည်။-
Jeremiah 22:4သင်တို့သည်ငါပညတ်တော်မူသည့်အ တိုင်းအကယ်ပင်လိုက်လျှောက်ပြုကျင့်ကြ မည်ဆိုပါမူ ဒါဝိဒ်မင်း၏ရာဇပလ္လင်တွင် ထိုင်လျက်ရှိသောဘုရင်တို့သည် ဆက်လက် ၍မင်းပြုရကြလိမ့်မည်။ ထို့ပြင်သူတို့ သည်မိမိတို့၏မှူးမတ်များ၊ ပြည်သူများ နှင့်အတူမြင်းရထားများ၊ မြင်းများကို စီး၍ဤနန်းတော်ဝင်းတံခါးများကို ဝင်ထွက်သွားလာရကြလိမ့်မည်။-
Matthew 19:28သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-