1 ဓမ္မရာဇဝင်တတိယစောင် 13:12
ယုဒဘုရင်အာမဇိနှင့်ဖြစ်ပွားသည့်စစ်ပွဲတွင် ယဟောရှ၏လက်ရုံးရည်အပါအဝင် သူလုပ် ဆောင်ခဲ့သည့်အခြားအမှုအရာရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 13
Cross References
1 Kings 14:19ယေရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာအလုံးစုံကိုလည်းကောင်း၊ သူတိုက်ခဲ့သည့် စစ်ပွဲများနှင့်တိုင်းပြည်အုပ်ချုပ်ပုံတို့ကိုလည်း ကောင်း ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
2 Kings 13:14ပရောဖက်ဧလိရှဲသည်ဝေဒနာစွဲ၍နေ၏။ သူ သည်အိပ်ရာပေါ်တွင်လဲလျက်သေအံ့ဆဲဆဲ ဖြစ်နေချိန်၌ ဣသရေလဘုရင်ယဟောရှ သည် သူ့အားကြည့်ရှုရန်လာရောက်ပြီးလျှင်``အ ကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏အဖ၊ အရှင်သည် ကြီးမားသောတန်ခိုးစွမ်းအင်ဖြင့် ဣသရေလ ပြည်ကိုကာကွယ်သူဖြစ်ပါသည်တကား'' ဟု ငိုကြွေး၏။
2 Kings 14:11သို့ရာတွင်သူ၏စကားကိုအာမဇိသည် နားမထောင်။ ထို့ကြောင့်ယဟောရှမင်းသည် မိမိ၏စစ်သည်တော်များနှင့်ချီတက်ပြီးလျှင် အာမဇိမင်းအားယုဒပြည်၊ ဗက်ရှေမက်မြို့ တွင်တိုက်ခိုက်လေသည်။-
2 Kings 14:16ယဟောရှကွယ်လွန်သောအခါ သူ့ကိုရှမာရိ မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်ဒုတိယ မြောက်ယေရောဗောင်သည် ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေသည်။
2 Chronicles 25:17ယုဒဘုရင်အာမဇိသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်ပြီးနောက် ယေဟု၏မြေး၊ ယောခတ်၏သားယဟောရှ ထံသို့သံတမန်စေလွှတ်၍ မိမိနှင့်စစ်ပြိုင် ရန်စိန်ခေါ်လိုက်လေသည်။-
2 Chronicles 25:22ယုဒတပ်မတော်သည်အရေးရှုံးနိမ့်သဖြင့် စစ်သည်တော်တို့သည် မိမိတို့နေရပ်သို့ ထွက်ပြေးကြကုန်၏။-