1 ဓမ္မရာဇဝင်တတိယစောင် 13:19
ယင်းသို့ရပ်လိုက်သည့်အတွက်ဧလိရှဲသည် အမျက်ထွက်၍ မင်းကြီးအား``အကယ်၍ငါး ကြိမ်ခြောက်ကြိမ်ရိုက်ခဲ့ပါမူ ရှုရိအမျိုးသား တို့အားအပြီးအပိုင်အနိုင်ရမည်။ ယခု မှာမူသုံးကြိမ်သာလျှင်သူတို့အားအနိုင် ရလိမ့်မည်'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 13
Cross References
Leviticus 10:16ထို့နောက်မောရှေသည် အပြစ်ဖြေရာယဇ်ဖြစ် သောဆိတ်အကြောင်းကိုစုံစမ်းမေးမြန်းသော အခါ ထိုယဇ်ကိုမီးရှို့ပူဇော်ပြီးကြောင်းသိ ရ၏။ ထို့ကြောင့်သူသည်ဧလာဇာနှင့်ဣသမာ တို့အားအမျက်ထွက်၍၊-
2 Kings 1:9ထိုနောက်မင်းကြီးသည်တပ်မှူးတစ်ယောက်ကို လူငါးဆယ်တပ်နှင့်အတူဧလိယထံသို့ စေလွှတ်တော်မူ၏။ တပ်မှူးသည်တောင်ကုန်း တစ်ခုပေါ်တွင်ဧလိယထိုင်နေသည်ကိုတွေ့ မြင်သဖြင့် သူ့အား``ဘုရားသခင်၏အစေခံ၊ ဆင်းခဲ့လော့။ ဘုရင်အမိန့်တော်ရှိသည်'' ဟု ဆို၏။
2 Kings 4:40ထိုဟင်းကိုလူတို့စားသောက်ရန်လောင်းထည့် လိုက်သောအခါ သူတို့သည်မြည်းစမ်းမိသည် နှင့်တစ်ပြိုင်နက်ဧလိရှဲအား``ဤဟင်းတွင် အဆိပ်ခတ်ထားပါသည်တကား'' ဟုဟစ် အော်ကာမစားဘဲနေကြ၏။-
2 Kings 13:25ထိုကာလ၌ဣသရေလဘုရင်ယောခတ် မင်း၏သားတော်ယဟောရှသည် ဗင်္ဟာဒဒ်ကို သုံးကြိမ်တိုင်တိုင်နှိမ်နင်းပြီးလျှင် ခမည်း တော်ယောခတ်လက်ထက်၌ဗင်္ဟာဒဒ်သိမ်းယူ သွားသောမြို့ကိုပြန်လည်သိမ်းယူလေသည်။
Mark 6:5ကိုယ်တော်သည်ထိုမြို့တွင်ဖျားနာသူအနည်းငယ် ကိုလက်တော်တင်၍ ကျန်းမာစေတော်မူသည်မှ အပ အဘယ်နိမိတ်လက္ခဏာကိုမျှပြတော် မမူနိုင်။-