1 ဓမ္မရာဇဝင်တတိယစောင် 14:10
အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံ ပြည်သားတို့ကိုအနိုင်ရသဖြင့်စိတ်နေမြင့် လျက်နေ၏။ မိမိရရှိထားသည့်ကျော်စောကိတ္တိ ဖြင့်ပင်ကျေနပ်ရောင့်ရဲစွာ သင်၏နန်းတော်တွင် စံမြန်းပါလော့။ သင်သည်မိမိနှင့်ပြည်သူတို့ အားဆုံးပါးပျက်စီးစေမည့်ဘေးဒုက္ခကို အဘယ်ကြောင့်ရှာလိုပါသနည်း'' ဟုပြန် စာရေး၍ပေးပို့လိုက်၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 14
Cross References
Exodus 8:9မောရှေက``ကိုယ်တော်နှင့်ကိုယ်တော်၏မှူးမတ် ပြည်သူတို့၏အိမ်များမှဖားတို့ကိုဖယ်ရှား ၍ နိုင်းမြစ်ထဲ၌သာဖားများနေစေရန်မည် သည့်အချိန်တွင်ဆုတောင်းပေးရပါမည် နည်း'' ဟုမေးလျှောက်သော်၊
Judges 9:52အဘိမလက်သည်လည်းရဲတိုက်ကိုတိုက်ခိုက် ရန်လာ၏။ သူသည်ရဲတိုက်တံခါးကိုမီးရှို့ရန် ချဉ်းကပ်သောအခါ၊-
2 Chronicles 26:16သို့သော်သြဇိမင်းသည်တန်ခိုးကြီးလာသော အခါ မာန်မာနလည်းထောင်လွှားလာသဖြင့် အကျိုးနည်းရလေသည်။ သူသည်ဗိမာန်တော် သို့ဝင်၍နံ့သာပေါင်းကို သက်ဆိုင်ရာယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ခြင်းအားဖြင့် မိမိ၏ ဘုရားသခင်ထာဝရဘုရားအားပြစ်မှား၏။-
2 Chronicles 35:21နေခေါက``အို ယုဒမင်း၊ ယခုကျွန်ုပ်တိုက်သည့် စစ်ပွဲသည်အဆွေတော်နှင့်မည်သို့မျှမသက် ဆိုင်။ ကျွန်ုပ်သည်အဆွေတော်အားတိုက်ခိုက်ရန် လာသည်မဟုတ်။ ကျွန်ုပ်၏ရန်သူများကိုတိုက် ခိုက်ရန်သာလာရောက်ခြင်းဖြစ်၏။ ဘုရားသခင်ကဆောလျင်စွာတိုက်ခိုက်ရန်ကျွန်ုပ် အားမိန့်တော်မူပါ၏။ ကျွန်ုပ်၏ဘက်၌ရှိ တော်မူသောဘုရားသခင်အားဆန့်ကျင် ဘက်မပြုပါနှင့်။ သို့မဟုတ်လျှင်ဘုရားသခင်သည်အဆွေတော်ကိုသုတ်သင် ဖျက်ဆီးတော်မူပါလိမ့်မည်'' ဟုယောရှိ ထံသို့စေတမန်လွှတ်၍မှာလိုက်၏။-
Proverbs 15:18မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သော သူမူကားငြိမ်းတတ်၏။
Proverbs 17:14ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။