1 ဓမ္မရာဇဝင်တတိယစောင် 16:1
ရေမလိ၏သားပေကာ၏ နန်းစံတစ်ဆယ့်ခုနစ် နှစ်မြောက်၌ယောသံ၏သားအာခတ်သည်၊ အ သက်နှစ်ဆယ်ရှိသောအခါယုဒပြည်ဘုရင် အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌တစ်ဆယ့် ခြောက်နှစ်နန်းစံရ၏။ သူသည်မိမိ၏ဘေးတော် ဒါဝိဒ်မင်း၏စံနမူနာကောင်းကိုမယူဘဲ ထာဝရဘုရားနှစ်သက်တော်မမူသည့် အမှုတို့ကိုပြု၍၊-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 16
Cross References
2 Kings 15:27ယုဒဘုရင်သြဇိ၏နန်းစံငါးဆယ့်နှစ်နှစ် မြောက်၌ ရေမလိ၏သားပေကာသည် ဣသရေ လဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ အနှစ်နှစ်ဆယ်နန်းစံလေသည်။-
2 Kings 15:38ယောသံကွယ်လွန်သောအခါ သူ့အားဒါဝိဒ် မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်အာခတ်သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
Isaiah 1:1ဤကျမ်းစောင်တွင် ယုဒဘုရင်များဖြစ်သောသြဇိမင်း၊ ယောသံမင်း၊ အာခတ်မင်းနှင့်ဟေဇကိမင်းတို့၏လက်ထက်၌ ယုဒပြည်နှင့်ယေရုရှလင်မြို့အဘယ်သို့ဖြစ်ပျက်မည်ကို အာမုတ်၏သားဟေရှာယအားထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော်များပါရှိ၏။
Isaiah 7:3ထာဝရဘုရားသည်ဟေရှာယအား``သင်၏ သားရှာယာရှုပ်ကိုခေါ်၍အာခတ်နှင့်သွား ရောက်တွေ့ဆုံလော့။ သင်သည်သူ့ကိုအထက် ရေကန်ရေသွယ်မြောင်းအဆုံးအထည်ယက် သမားများအလုပ်လုပ်သည့်နေရာအနီး ရှိလမ်းပေါ်တွင်တွေ့လိမ့်မည်။-
Hosea 1:1ယုဒနိုင်ငံတွင်သြဇိမင်း၊ ယောသံမင်း၊ အာ ခတ်မင်း၊ ဟေဇကိမင်းနှင့်ဣသရေလနိုင်ငံ တွင်ယောရှမင်း၏သားယေရောဗောင်မင်းတို့ စိုးစံသည့်လက်ထက်၌ ဗေရိ၏သားဟောရှေ ထံသို့ရောက်ရှိလာသောထာဝရဘုရား၏ နှုတ်ကပတ်တော်ကားဤသို့တည်း။