1 ဓမ္မရာဇဝင်တတိယစောင် 17:2
သူသည်ထာဝရဘုရားအားပြစ်မှားသော် လည်း မိမိ၏နောင်တော်ဣသရေလဘုရင် များလောက်မဆိုးရွားချေ။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 17
Cross References
1 Kings 16:25သြမရိသည် မိမိ၏နောင်တော့်နောင်တော် ဘုရင်အပေါင်းတို့ထက်ပင် ပိုမိုဆိုးရွားစွာ ထာဝရဘုရားအားပြစ်မှားလေသည်။-
2 Kings 3:2သူသည်ဘုရားသခင်အားပြစ်မှားသော်လည်း မိမိ ၏ခမည်းတော်သို့မဟုတ်မယ်တော်ယေဇဗေလ လောက်မဆိုးချေ။ သူသည်ခမည်းတော်တည်လုပ် ခဲ့သောဗာလဘုရားကျောက်တိုင်ကိုပယ်ရှား လိုက်လေသည်။-
2 Kings 13:2သူသည်မိမိအလျင်အုပ်စိုးခဲ့သည့်ယေရော ဗောင်မင်းကဲ့သို့ ထာဝရဘုရားကိုပြစ်မှား၍ ဣသရေလအမျိုးသားတို့အားအပြစ်ကူး လွန်ရန်ရှေ့ဆောင်လမ်းပြပေး၏။ သူသည်အဘယ် အခါမျှမိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်။-
2 Kings 15:9သူသည်မိမိ၏နောင်တော်ဘုရင်များနည်းတူ ထာဝရဘုရားအားပြစ်မှား၏။ ဣသရေလ အမျိုးသားတို့အားအပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူ နေဗတ်၏သားယေရော ဗောင်၏ဆိုးညစ်သောလမ်းစဉ်ကိုလိုက်၏။-
2 Kings 15:24သူသည်နေဗတ်၏သားယေရောဗောင်၏ဆိုး ညစ်သောလမ်းစဉ်ကိုလိုက်၍ ထာဝရဘုရား အားပြစ်မှား၏။ ယေရောဗောင်ကားဣသရေလ အမျိုးသားတို့အား အပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူဖြစ်သတည်း။-
2 Chronicles 30:5ပညတ်တရားတော်နှင့်အညီပသခါပွဲ တော်ကို ယခင်အခါများထက်ပိုမိုစည် ကားစွာကျင်းပနိုင်ရန်မြောက်ဘက်ရှိဒန် မြို့မှ တောင်ဘက်ရှိဗေရရှေဗမြို့တိုင် အောင်ရှိသမျှသော ဣသရေလအမျိုး သားအပေါင်းတို့အားယေရုရှလင် မြို့သို့ဖိတ်ခေါ်၏။-