1 ဓမ္မရာဇဝင်တတိယစောင် 17:20
ထာဝရဘုရားသည်ဣသရေလအမျိုးသား အပေါင်းတို့ကိုစွန့်တော်မူ၏။ သူတို့အားမျက် မှောက်တော်မှနှင်ထုတ်၍ ရက်စက်သည့်ရန်သူ များ၏လက်သို့အပ်နှင်းတော်မူသည့်တိုင် အောင်ဒဏ်ခတ်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 17
Cross References
Deuteronomy 11:12သင်တို့ဘုရားသခင်ထာဝရဘုရားသည် တစ်နှစ်ပတ်လုံးကြည့်ရှုစောင့်ရှောက်တော်မူ သောပြည်ဖြစ်သည်။''
Joshua 23:13သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ချီတက်တိုက်ခိုက်သောအခါ ထိုလူမျိုးများကိုနှင်ထုတ်ပေးတော့မည် မဟုတ်ကြောင်းသိမှတ်ကြလော့။ ထိုလူမျိုး များသည်သင်တို့အတွက်ကျော့ကွင်းသို့ မဟုတ်ထောင်ချောက်၊ သင်တို့၏ကျောပေါ် သို့ကျသောကြာပွတ်သို့မဟုတ် မျက်စိကို စူးသောဆူးသဖွယ်ဖြစ်လိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးသနား တော်မူသော ဤသာယာသောပြည်တွင်သင် တို့တစ်ယောက်မကျန်သေကြေပျက်စီး သည့်တိုင်အောင်ထိုလူမျိုးတို့သည်သင် တို့အားအန္တရာယ်ပြုကြလိမ့်မည်။
1 Samuel 15:23ကိုယ်တော်အားပုန်ကန်ခြင်းသည်စုံးအတတ် ကဲ့သို့ဆိုးရွား၍ မောက်မာထောင်လွှားခြင်း သည်လည်းရုပ်တုကိုကိုးကွယ်ခြင်းကဲ့သို့ ပင်အပြစ်ကြီး၏။ သင်သည်ထာဝရဘုရား ၏အမိန့်တော်ကိုပယ်သောကြောင့် ကိုယ်တော် သည်သင့်ကိုဘုရင်အဖြစ်မှပယ်တော်မူ ပြီ'' ဟုဆို၏။
1 Samuel 16:1ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
2 Kings 13:7ရှုရိဘုရင်၏မြေမှုန့်ကဲ့သို့ဖျက်ဆီးချေ မှုန်းခြင်းကိုခံရသဖြင့် ယောခတ်တွင်မြင်း စီးသူရဲငါးဆယ်၊ စစ်ရထားဆယ်စီးနှင့် ခြေလျင်တပ်သားတစ်သောင်းမျှသာကျန် ရှိတော့သည်။
2 Kings 15:18သူသည်နေဗတ်၏သားယေရောဗောင်မင်း၏ဆိုး ညစ်သည့်လမ်းစဉ်ကိုလိုက်၍ ထာဝရဘုရားကို ပြစ်မှား၏။ ယေရောဗောင်ကားသူ၏အသက်ရှင် သရွေ့ကာလပတ်လုံး ဣသရေလအမျိုးသား တို့အားအပြစ်ကူးလွန်ရန်ရှေ့ဆောင်လမ်း ပြခဲ့သူဖြစ်သတည်း။-