1 ဓမ္မရာဇဝင်တတိယစောင် 17:23
ထိုကြောင့်ထာဝရဘုရားသည်သူတို့အား အစေခံပရောဖက်များအားဖြင့် သတိ ပေးမိန့်မှာတော်မူခဲ့သည့်အတိုင်းမျက် မှောက်တော်မှနှင်ထုတ်တော်မူ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အာရှုရိ ပြည်သို့ပြည်နှင်ဒဏ်ခံရလျက် ထိုပြည် တွင်ယနေ့တိုင်အောင်နေထိုင်ရကြလေ သည်။
Common Language Bible
In The King James Version
In Context
22သူတို့သည်ယေရောဗောင်၏အတုကိုယူ၍ သူပြုသမျှအပြစ်ကိုပြုကြ၏။-
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 17
Cross References
Deuteronomy 32:20ထာဝရဘုရားက`သူတို့သည်ခေါင်းမာ၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ ငါသည်သူတို့ကိုမကူညီဘဲနေမည်။' ထို့နောက်သူတို့သည်အဘယ်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။
Judges 18:30ဒန်အမျိုးသားတို့သည်မိက္ခာပြုလုပ်သည့်ရုပ် တုကိုတည်ထားပြီးလျှင် ဝတ်ပြုကိုးကွယ် ကြလေသည်။ မောရှေ၏မြေး၊ ဂေရရှုံ၏ သားယောနသန်က သူတို့၏ယဇ်ပုရော ဟိတ်အဖြစ်ဖြင့်ဆောင်ရွက်လေသည်။ သူ၏ သားစဉ်မြေးဆက်တို့သည်လည်း ဣသရေလ အမျိုးသားတို့ဖမ်းဆီးသိမ်းသွားခြင်း ခံရချိန်တိုင်အောင် သူတို့၏ယဇ်ပုရော ဟိတ်များအဖြစ်ဖြင့်ဆောင်ရွက်ကြ၏။-
1 Kings 13:2ထာဝရဘုရား၏အမိန့်တော်အတိုင်းပရော ဖက်က``အို ယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား က`ယောရှိနာမည်တွင်မည့်သူငယ်သည်ဒါဝိဒ် ၏သားချင်းစုတွင်ဖွားမြင်လိမ့်မည်။ ပူဇော် သကာများကိုသင်၏အပေါ်တွင်တင်လှူကာ မိစ္ဆာယဇ်ပလ္လင်များတွင်အမှုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အား သူသည်သင့်အပေါ် မှာတင်၍ယဇ်ပူဇော်လိမ့်မည်။ လူရိုးတို့ကို လည်းတင်၍မီးရှို့လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။-
2 Kings 3:3သို့ရာတွင်မိမိအလျင်အုပ်စိုးခဲ့သည့်နေဗတ် ၏သားယေရောဗောင်မင်းကဲ့သို့ပင် ဣသရေလ အမျိုးသားတို့အားအပြစ်ကူးစေရန်ရှေ့ ဆောင်လမ်းပြပေးလေသည်။ ထိုသို့အပြစ် ကူးလွန်မှုကိုအမြဲပြု၏။
2 Kings 17:6ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
2 Kings 17:18ထာဝရဘုရားသည်ဣသရေလအမျိုးဖြစ်သူ တို့အားအမျက်ထွက်တော်မူသဖြင့် ရှေ့တော် မှောက်မှနှင်ထုတ်တော်မူ၏။ ယုဒနိုင်ငံကို သာကျန်ရှိစေတော်မူ၏။