1 ဓမ္မရာဇဝင်တတိယစောင် 18:1
ဧလာ၏သား၊ ဣသရေလဘုရင်ဟောရှေ၏ နန်းစံသုံးနှစ်မြောက်၌ အာခတ်၏သားတော် ဟေဇကိသည်၊ အသက်နှစ်ဆယ့်ငါးနှစ်ရှိသော အခါယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌နှစ်ဆယ့်ကိုးနှစ်နန်းစံ လေသည်။ သူ၏မယ်တော်မှာဇာခရိ၏ သမီးအာဘိဖြစ်၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
2 Kings 15:30သြဇိ၏သား၊ ယုဒဘုရင်ယောသံ၏နန်းစံ အနှစ်နှစ်ဆယ်မြောက်၌ဧလာ၏သားဟောရှေ သည် လျှို့ဝှက်ကြံစည်ကာပေကာမင်းကိုလုပ် ကြံပြီးလျှင် သူ၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-
2 Kings 16:20အာခတ်ကွယ်လွန်သောအခါ သူ့အားဒါဝိဒ် မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်ဟေဇကိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။
2 Kings 18:9ဣသရေလဘုရင်ဟောရှေ၏နန်းစံခုနစ် နှစ်မြောက်၊ ဟေဇကိမင်း၏နန်းစံလေးနှစ်မြောက် ၌ အာရှုရိဧကရာဇ်ဘုရင်ရှာလမနေဇာ သည် ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်၍ ရှမာရိမြို့ကိုဝိုင်းရံထား၏။-
2 Chronicles 28:27အာခတ်ကွယ်လွန်သောအခါသူ၏အလောင်း ကို ယေရုရှလင်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်များ၏သင်္ချိုင်းတော်တွင်မသင်္ဂြိုဟ်ကြ။ သူ၏သားတော်ဟေဇကိသည်ခမည်းတော် ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
2 Chronicles 29:29ထိုနောက်မင်းကြီးနှင့်ပြည်သူအပေါင်းတို့ သည်ဒူးထောက်လျက် ဘုရားသခင်အား ရှိခိုးကြလေသည်။-