1 ဓမ္မရာဇဝင်တတိယစောင် 18:11
အာရှုရိဧကရာဇ်ဘုရင် သည်ဣသရေလအမျိုးသားတို့အား သုံ့ပန်းများ အဖြစ်ဖမ်းသွားပြီးလျှင်အချို့ကိုဟာလမြို့၌ လည်းကောင်း၊ အချို့ကိုဂေါဇန်ခရိုင်ဟာဗော်မြစ် အနီး၌လည်းကောင်း၊ အချို့ကိုမေဒိပြည်ရှိ မြို့များ၌လည်းကောင်းနေထိုင်စေ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
2 Kings 15:29ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။
2 Kings 19:11အာရှုရိဧကရာဇ်မင်းသည်မိမိဖျက်ဆီးရန် ဆုံးဖြတ်ထားသည့်တိုင်းနိုင်ငံကိုအဘယ်သို့ ပြုတော်မူတတ်ကြောင်းသင်ကြားသိရပြီ ဖြစ်၏။ သင်သည်ငါ၏လက်မှလွတ်မြောက် နိုင်လိမ့်မည်ဟုထင်မှတ်ပါသလော။-
1 Chronicles 5:26သို့ဖြစ်၍ကိုယ်တော်သည်(တိဂလတ်ပိလေ သာဟုလည်းနာမည်တွင်သော) အာရှုရိ ပြည်ဧကရာဇ်ဘုရင်ပုလအားသူတို့ ၏တိုင်းပြည်ကိုချင်းနင်းဝင်ရောက်စေ တော်မူ၏။ ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့ပိုင်းမနာရှေအနွယ် ဝင်တို့အားပြည်နှင်ဒဏ်ပေးတော်မူ၍ ဟေလ၊ ဟာဗော်နှင့်ဟာရနယ်များတွင် လည်းကောင်း၊ ဂေါဇန်မြစ်အနီးတွင်လည်း ကောင်း၊ အမြဲတမ်းအခြေစိုက်၍နေ ထိုင်စေတော်မူ၏။
Isaiah 7:8အဘယ်ကြောင့်ဆိုသော်ရှုရိပြည်၏အင်အား သည် ဒမာသက်မြို့ပင်ဖြစ်၍ဒမာသက်မြို့၏ အင်အားမှာလည်း ရေဇိန်မင်းပင်ဖြစ်သော ကြောင့်တည်း။ ဣသရေလပြည်သည်လည်း ခြောက်ဆယ့်ငါးနှစ်အတွင်း ပြိုကွဲလျက် နိုင်ငံတစ်ခုအနေဖြင့်ရပ်တည်နိုင်တော့ မည်မဟုတ်။-
Isaiah 9:9ယင်းသို့ပြုတော်မူကြောင်းကိုရှမာရိမြို့ တွင်နေထိုင်သူမှန်သမျှနှင့်ဣသရေလ အမျိုးသားမှန်သမျှတို့သိရှိကြလိမ့်မည်။ ယခုအခါသူတို့သည်မာန်မာနထောင်လွှား လျက်စိတ်ကြီးဝင်လျက်နေကြ၏။ သူတို့က၊-
Isaiah 10:11ရှမာရိမြို့ကိုရုပ်တုဆင်းတုများနှင့်တကွ ငါ သုတ်သင်ဖျက်ဆီးပြီးလေပြီ။ ယေရုရှလင် မြို့နှင့်ထိုမြို့သားတို့ဝတ်ပြုကိုးကွယ်သည့် ရုပ်တုများကိုလည်း ထိုနည်းတူငါပြုမည်'' ဟုဝါကြွား၏။