1 ဓမ္မရာဇဝင်တတိယစောင် 18:27
ထိုသူက``ဧကရာဇ်ဘုရင်သည်သင်တို့နှင့်သင်တို့ ဘုရင်အား ဤစကားများကိုပြောကြားရန်ငါ့ အားစေလွှတ်တော်မူလိုက်သည်ဟုမထင်ကြနှင့်။ ငါသည်မြို့ရိုးပေါ်တွင်ထိုင်နေကြသူတို့အားလည်း ပြောကြားပါ၏။ သင်တို့နည်းတူသူတို့သည်လည်း မိမိတို့၏ကျင်ကြီးကျင်ငယ်ကိုပြန်၍စားသောက် ကြရလိမ့်မည်'' ဟုပြန်ပြော၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
Deuteronomy 28:53``ရန်သူတို့သည် သင်တို့၏မြို့များကိုဝိုင်း၍ တပ်ချထားသောအခါ သင်တို့သည်ဆာလောင် ငတ်မွတ်လှသဖြင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသောသား သမီးများ၏အသားကိုပင်လျှင်စားကြ လိမ့်မည်။-
Psalms 73:8သူတို့သည်သူတစ်ပါးတို့အားပြက်ရယ် ပြုကာ ညစ်ညမ်းသည့်အရာများကိုပြောဆိုကြ၏။ မောက်မာလျက်သူတစ်ပါးတို့အားနှိပ်စက် ညှဉ်းဆဲရန်ကြံစည်ကြ၏။
Lamentations 4:5အမွန်မြတ်ဆုံးစားဖွယ်သောက်ဖွယ်များကို စားသောက်လေ့ရှိသူတို့သည်လမ်းများပေါ် တွင် အစာငတ်၍သေကြကုန်၏။ ဇိမ်ခံ၍ကြီးပြင်းလာကြသူတို့သည်လည်း အမှိုက်ပုံကိုလက်နှင့်ယက်၍အစာရှာရ ကြ၏။
Ezekiel 4:15သို့ဖြစ်၍ဘုရားသခင်က``လူ၏မစင် အစားနွားချေးကိုသုံးရန်သင့်အားငါ ခွင့်ပြုမည်။ သင်၏မုန့်ကိုနွားချေးနှင့်မွှေး သောမီးဖြင့်ဖုတ်နိုင်၏'' ဟုမိန့်တော်မူ၏။