1 ဓမ္မရာဇဝင်တတိယစောင် 19:37
တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင် ဝတ်ပြုနေစဉ်သားတော်များ ဖြစ်သောအာဒြမ္မေလက်နှင့်ရှရေဇာတို့သည် မင်း ကြီးအားဋ္ဌားဖြင့်လုပ်ကြံပြီးလျှင်အာရရတ် ပြည်သို့ထွက်ပြေးကြ၏။ အခြားသားတော် တစ်ပါးဖြစ်သူဧသရဟဒ္ဒုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
Common Language Bible
In The King James Version
In Context
36ထိုအခါအာရှုရိဧကရာဇ်မင်းသည် တပ် ခေါက်၍နိနေဝေမြို့သို့ပြန်တော်မူ၏။-
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 19
Cross References
Deuteronomy 32:31သူတို့၏ရန်သူများသည်မိမိတို့၏ဘုရားများ အားနည်း၍ ဣသရေလအမျိုးသားတို့၏ဘုရားကဲ့သို့ တန်ခိုးမကြီးကြောင်းသိကြ၏။
2 Kings 18:5ဟေဇကိသည်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားကိုကိုးစား သူဖြစ်၏။ ရှေးကာလမှစ၍နောင်ကာလ တိုင်အောင် ယုဒပြည်တွင်သူကဲ့သို့သော ဘုရင်တစ်ပါးမျှမပေါ်ပေါက်ချေ။-
2 Kings 19:7ငါသည်ဧကရာဇ်မင်းအားမိမိ၏တိုင်းပြည် သို့ပြန်စေရန် သတင်းတစ်စုံတရာကိုကြား စေတော်မူမည်။ ထိုနောက်သူ့ကိုထိုပြည်၌ပင် လုပ်ကြံခြင်းကိုခံရစေလတ္တံ့'' ဟုပြန်ကြား လိုက်၏။
2 Chronicles 32:14ထိုနိုင်ငံများရှိအဘယ်မည်သောဘုရားသည် မိမိ၏လူတို့အားငါ၏လက်မှကယ်ခဲ့ဖူး ပါသနည်း။ သို့ဖြစ်ပါလျက်သင်တို့၏ဘုရား သည်သင်တို့ကိုကယ်တော်မူနိုင်သည်ဟု အဘယ်ကြောင့်သင်တို့ထင်မှတ်ကြပါ သနည်း။-
2 Chronicles 32:21ထာဝရဘုရားသည်ကောင်းကင်တမန်ကို စေလွှတ်၍ အာရှုရိတပ်သားများနှင့်တပ်မ တော်အရာရှိများအားသုတ်သင်ပယ်ရှင်း စေတော်မူ၏။ ဧကရာဇ်မင်းသည်အရှက်ကွဲ လျက်အာရှုရိပြည်သို့ပြန်တော်မူ၏။ တစ် နေ့သ၌သူသည်မိမိဘုရား၏ဗိမာန် တော်၌ရှိနေစဉ် သားတော်အချို့တို့သည် သူ့အားဋ္ဌားဖြင့်လုပ်ကြံကြလေသည်။
Isaiah 37:37ထိုအခါအာရှုရိဧကရာဇ်မင်းသည်တပ် ခေါက်၍နိနေဝေမြို့သို့ပြန်တော်မူ၏။-