1 ဓမ္မရာဇဝင်တတိယစောင် 2:3
ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ကိုယ်တော်၏သခင် ကိုကိုယ်တော့်ထံမှ ယနေ့ထာဝရဘုရားရုပ် သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟုမေး ကြ၏။ ဧလိရှဲက``ငါသိ၏။ ဆိတ်ဆိတ်နေကြလော'' ဟုပြန်၍ဖြေကြား၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 2
Cross References
Deuteronomy 33:3ထာဝရဘုရားသည်မိမိလူမျိုးတော်ကို ချစ်တော်မူ၏။ မိမိပိုင်ဆိုင်သူတို့ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏ခြေတော် ကို ဦးတိုက်လျက်ပညတ်တော်များကိုစောင့်ထိန်း ကြ၏။
1 Samuel 10:10ရှောလုနှင့်သူ၏အစေခံသည်ဂိဗာမြို့ သို့ရောက်ရှိကြသောအခါ ပရောဖက်တစ် စုသည်သူတို့အားဆီးကြိုကြ၏။ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ရှောလုအပေါ် သို့သက်ရောက်သဖြင့်သူသည်ပရောဖက် များနှင့်အတူပါဝင်ကခုန်ဟစ်အော် လေသည်။-
1 Kings 18:4ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
2 Kings 2:5ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ထာဝရဘုရားသည် ကိုယ်တော်၏သခင်ကိုကိုယ်တော်ထံမှ ယနေ့ ရုပ်သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟု မေးကြ၏။ ဧလိရှဲက``ငါသိ၏။ ဆိတ်ဆိတ်နေကြလော့'' ဟုပြန်၍ဖြေကြား၏။
2 Kings 2:15ယေရိခေါမြို့မှပရောဖက်ငါးကျိပ်တို့သည် ဧလိရှဲကိုမြင်သဖြင့်``ဧလိယ၏တန်ခိုးကို ဧလိရှဲခံယူရရှိလေပြီ'' ဟုဆိုကြ၏။ သူ တို့သည်ဧလိရှဲအားလာရောက်ကြိုဆိုကာ သူ၏ရှေ့တွင်ဦးညွှတ်ကြပြီးနောက်၊-
2 Kings 4:38အခါတစ်ပါး၌နိုင်ငံတစ်ဝှမ်းလုံးတွင် အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေချိန် ၌ ဧလိရှဲသည်ဂိလဂါလမြို့သို့ပြန်လေသည်။ သူသည်ပရောဖက်တစ်စုကိုသွန်သင်လျက်နေ စဉ် ထိုသူတို့အတွက်အိုးကြီးတစ်လုံးဖြင့် ဟင်းချက်ရန် မိမိ၏အစေခံအားပြော ကြား၏။-