1 ဓမ္မရာဇဝင်တတိယစောင် 2:9
ထိုအရပ်သို့ရောက်သောအခါဧလိယသည် ဧလိရှဲအား``သင်နှင့်မခွဲမခွာရမီငါ့ထံ ဆုတစ်ခုကိုတောင်းလော့'' ဟုပြော၏။ ဧလိရှဲက``အရှင်၏အရိုက်အရာကိုဆက်ခံ နိုင်ရန် သားဦးရသင့်ရထိုက်သောအရှင်၏ တန်ခိုးဝေစု ကို အကျွန်ုပ်အားပေးတော်မူပါ'' ဟုတောင်း လေ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 2
Cross References
Numbers 11:17ငါသည်ကြွလာ၍သင်နှင့်စကားပြောဆိုမည်။ ငါသည်သင့်အားပေးအပ်ထားသောစွမ်းရည် အချို့ကိုယူ၍ သူတို့အားပေးအပ်မည်။ ထို အခါဤသူများအတွက်ထမ်းရသောတာဝန် ကိုသူတို့သည်သင့်အားကူညီထမ်းရွက်နိုင် သဖြင့် ထိုတာဝန်ကိုသင်တစ်ဦးတည်းထမ်း ရန်မလိုတော့ချေ။-
Numbers 27:16``အသက်သခင်ထာဝရဘုရားရှင်၊ ကိုယ်တော် ၏လူမျိုးတော်သည်သိုးထိန်းမရှိသောသိုး များကဲ့သို့ အားကိုးရာမဲ့မဖြစ်စေခြင်းငှာ သူတို့ကိုခေါင်းဆောင်၍၊-
Deuteronomy 34:9မောရှေသည်နုန်၏သားယောရှုအပေါ်လက် တင်၍ မိမိအရိုက်အရာကိုဆက်ခံရန်ခန့် အပ်ခဲ့သည်။ သို့ဖြစ်၍ယောရှုသည်ပညာဉာဏ် နှင့်ပြည့်စုံလေ၏။ ဣသရေလအမျိုးသား တို့သည်ယောရှု၏စကားကိုနားထောင်၍ မောရှေဆင့်ဆိုသောထာဝရဘုရား၏ အမိန့်တော်များကိုလိုက်နာကြလေသည်။
2 Kings 13:14ပရောဖက်ဧလိရှဲသည်ဝေဒနာစွဲ၍နေ၏။ သူ သည်အိပ်ရာပေါ်တွင်လဲလျက်သေအံ့ဆဲဆဲ ဖြစ်နေချိန်၌ ဣသရေလဘုရင်ယဟောရှ သည် သူ့အားကြည့်ရှုရန်လာရောက်ပြီးလျှင်``အ ကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏အဖ၊ အရှင်သည် ကြီးမားသောတန်ခိုးစွမ်းအင်ဖြင့် ဣသရေလ ပြည်ကိုကာကွယ်သူဖြစ်ပါသည်တကား'' ဟု ငိုကြွေး၏။
2 Chronicles 1:9အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ခမည်းတော်အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူပါ။ အကျွန်ုပ်အား မရေမတွက်နိုင်အောင်များပြားသည့်ဤ လူမျိုး၏ဘုရင်ဖြစ်စေတော်မူပါပြီ။-
Psalms 72:20ဤတွင်ယေရှဲ၏သားဒါဝိဒ်၏ဆုတောင်းပတ္ထနာ များပြီးဆုံး၏။