1 ဓမ္မရာဇဝင်တတိယစောင် 20:14
ထိုနောက်ဟေရှာယသည်ဟေဇကိမင်းထံသွား ၍``ထိုသူတို့သည်အဘယ်အရပ်မှလာကြပါ သနည်း။ သူတို့ကအရှင်အားအဘယ်သို့တင် လျှောက်ကြပါသနည်း'' ဟုမေး၏။ ဟေဇကိ က``သူတို့သည်အလွန်ဝေးသောဗာဗုလုန် ပြည်မှလာပါသည်'' ဟုဖြေ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 20
Cross References
Deuteronomy 28:49ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
Joshua 9:9ထိုအခါသူတို့က``အကျွန်ုပ်တို့သည်ကိုယ် တော်၏ဘုရားသခင်ထာဝရဘုရား၏ တန်ခိုးတော်အကြောင်းကို ကြားသိရသဖြင့် အလွန်ဝေးသောပြည်မှလာခဲ့ကြပါသည်။ အီဂျစ်ပြည်တွင်ပြုတော်မူခဲ့သမျှကို လည်းကောင်း၊-
2 Kings 5:25သူသည်အိမ်ထဲသို့ပြန်၍ဝင်လာသောအခါဧလိ ရှဲက``အဘယ်သို့သွားနေပါသနည်း'' ဟုမေး၏။ ဂေဟာဇိက``အရှင်၊ ကျွန်တော်အဘယ်ကိုမျှ မသွားပါ'' ဟုပြန်ပြော၏။
2 Chronicles 25:7သို့ရာတွင်ပရောဖက်သည်မင်းကြီးထံလာ ရောက်၍``ဤဣသရေလစစ်သည်များကိုမင်း ကြီးနှင့်အတူခေါ်ဆောင်မသွားပါနှင့်။ ထာဝရ ဘုရားသည်ဤမြောက်ပိုင်းနယ်မြေသား တို့နှင့်အတူရှိတော်မမူ။-
Psalms 141:5သူတော်ကောင်းသည်ကျွန်တော်မျိုးအား သနားကြင်နာစွာဒဏ်ပေးခြင်းပြောဆို ဆုံးမခြင်းကိုပြုပေလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့၏ချီးမြှင့်ဂုဏ်ပြု ခြင်းကို ခံယူလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့အပြစ် ဒုစရိုက်နှင့်ပတ်သက်၍ ကျွန်တော်မျိုးအစဉ်ပတ္ထနာပြုလျက်နေသော ကြောင့် ဖြစ်ပါ၏။
Isaiah 13:5သူတို့သည်ကမ္ဘာအစွန်အဖျားရှိရပ်ဝေး နိုင်ငံများမှ လာရောက်ကြလိမ့်မည်။ ထာဝရ ဘုရားသည်အမျက်ထွက်တော်မူသဖြင့် လက်နက်ဖြင့် နိုင်ငံတစ်ခုလုံးကိုသုတ်သင် ဖျက်ဆီးပစ်ရန်ကြွလာတော်မူပေအံ့။