1 ဓမ္မရာဇဝင်တတိယစောင် 20:9
ဟေရှာယက``ထာဝရဘုရားသည်မိမိ၏ ကတိတော်အတိုင်းပြုတော်မူမည်ဖြစ်ကြောင်း အရှင်သိရှိစေရန်သက်သေလက္ခဏာတစ်ခု ကိုပြတော်မူမည်။ အရှင်သည်လှေကား ပေါ်တွင်ကျလျက်ရှိသောအရိပ်ကိုရှေ့သို့ ဆယ်ထစ်တိုးစေလိုပါသလော။ သို့မဟုတ် နောက်သို့ဆယ်ထစ်ဆုတ်စေလိုပါသလော'' ဟုပြန်၍မေး၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 20
Cross References
Joshua 10:12အာမောရိတပ်သားများကိုဣသရေလ အမျိုးသားတို့လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့၌ယောရှုက၊ ``အသင်နေမင်း၊ဂိဗောင်မြို့ပေါ်တွင်ရပ် တန့်၍နေလော့။ အသင်လမင်း၊အာဂလုန်မြို့ချိုင့်ဝှမ်းတွင် ရပ်တန့်၍နေလော့'' ဟု ဣသရေလအမျိုးသားတို့ရှေ့၌မြွက်ဆို၏။
2 Kings 19:29ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင်သည်ယခုနှစ်နှင့်နောင်နှစ်ခါ၌ စပါး ရိုင်းကိုသာလျှင်စားရလိမ့်မည်။ သို့ရာတွင် တတိယနှစ်၌မူဂျုံစပါးကိုစိုက်ပျိုး ရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်း စိုက်၍ စပျစ်သီးများကိုစားရလိမ့်မည်။-
Matthew 16:1ဖာရိရှဲများနှင့်ဇဒ္ဒုကဲများသည်အထံတော် သို့လာ၍ကိုယ်တော်အားပရိယာယ်ဆင်လျက် ``ဘုရားသခင်သည်ကိုယ်တော်အားစေလွှတ် တော်မူကြောင်းသိနိုင်ရန်နိမိတ်လက္ခဏာကို ပြတော်မူပါ'' ဟုတောင်းဆိုကြ၏။-
Luke 11:29လူပရိသတ်တို့သည်စုရုံးလျက်နေကြစဉ် ကိုယ်တော်က ``ယခုခေတ်လူတို့သည်အလွန် ဆိုးညစ်လှပါသည်တကား။ သူတို့သည်နိမိတ် လက္ခဏာကိုတောင်းဆိုကြ၏။ သို့ရာတွင်ယောန ၏နိမိတ်လက္ခဏာမှတစ်ပါးအဘယ်နိမိတ် လက္ခဏာကိုမျှသူတို့အားပြလိမ့်မည်မဟုတ်။-