1 ဓမ္မရာဇဝင်တတိယစောင် 21:22
မိမိဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားကိုပစ်ပယ်ကာ ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်၏။
Common Language Bible
In The King James Version
And he forsook the LORD God of his fathers, and walked not in the way of the LORD.
In Context
23အာမုန်၏မှူးမတ်တို့သည်လျှို့ဝှက်ကြံစည် ကာသူ့အားနန်းတော်တွင်း၌လုပ်ကြံကြ၏။-
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 21
Cross References
1 Kings 11:33ဤသို့ငါပြုရမည့်အကြောင်းမှာရှောလမုန်သည် ငါ့ကိုပစ်ပယ်၍ ဇိဒုန်ဘုရားမအာရှတရက်၊ မောဘဘုရားခေမုရှ၊ အမ္မုန်ဘုရားမိလကုံ တို့ကိုဝတ်ပြုကိုးကွယ်သောကြောင့်ဖြစ်၏။ ရှောလမုန်သည်ငါ၏အမိန့်တော်ကိုလွန်ဆန် လေပြီ။ သူသည်မကောင်းမှုကိုပြု၍ငါ၏ ပညတ်တော်များနှင့်အမိန့်တော်တို့ကိုသူ၏ ခမည်းတော်ဒါဝိဒ်နာခံသကဲသို့မနာခံ။-
1 Chronicles 28:9ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
Isaiah 1:4``အချင်းအပြစ်ကူးသည့်လူမျိုး၊ ဖောက်ပြန်တတ်သူဒုစရိုက်သမားတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်အပြစ်ဝန်ထုပ်ပိလျက်နေကြပါသည်တကား။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့်ဘုရားသခင်ကိုပစ်ပယ်လျက် ကိုယ်တော်ကိုကျောခိုင်းကြလေပြီ။-
Jonah 2:8အချည်းနှီးဖြစ်သောရုပ်တုများကို ကိုးကွယ်သူတို့သည်ကိုယ်တော်၏အပေါ်တွင် သစ္စာမဲ့ကြပါ၏။