1 ဓမ္မရာဇဝင်တတိယစောင် 22:14
ဟိလခိ၊ ရှာဖန်၊ အဟိကံ၊ အာခဗော်နှင့်အ သဟိတို့သည် ယေရုရှလင်မြို့သစ်တွင်နေ ထိုင်သူဟုလဒနာမည်ရှိ အမျိုးသမီး ပရောဖက်ထံသို့သွားရောက်၍စုံစမ်းမေးမြန်း ကြရာ (ထိုအမျိုးသမီး၏ခင်ပွန်းမှာဟရ ဟတ်၏မြေး၊ တိကဝ၏သားရှလ္လုံဖြစ်၍သူ သည် ဗိမာန်တော်ဆိုင်ရာဝတ်လုံများကိုတာဝန် ယူထိန်းသိမ်းရသူဖြစ်၏။-)
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 22
Cross References
Exodus 15:20အာရုန်၏အစ်မဖြစ်သူပရောဖက်မမိရိအံ သည် ပတ်သာဗုံကိုကိုင်၍တီးလေ၏။ အခြား အမျိုးသမီးအပေါင်းတို့ကလည်းပတ်သာ ဗုံကိုတီး၍ သူ၏နောက်မှကလျက်လိုက် ကြ၏။-
2 Kings 10:22ထိုအခါယေဟုသည်အမြတ်ထားသည့် ဝတ်လုံများကိုထိန်းသိမ်းရသူယဇ်ပုရော ဟိတ်အား ထိုဝတ်လုံတို့ကိုထုတ်၍ဝတ်ပြု ကိုးကွယ်သူတို့အားပေးအပ်စေ၏။-
Zephaniah 1:10ထာဝရဘုရားက``ထိုနေ့ရက်ကာလ၌ ယေရုရှလင်မြို့ငါးတံခါးဝ၌အော်ဟစ် သံကိုကြားရကြလိမ့်မည်။ မြို့သစ်ပိုင်း၌ လူတို့ငိုကြွေးသံကိုလည်းကောင်း၊ တောင် ကုန်းများတွင်ကျိုးပဲ့သံကိုလည်းကောင်း ကြားရကြလိမ့်မည်။
Luke 2:36အာရှာအနွယ်ဝင်၊ ဖနွေလ၏သမီး၊ အန္နနာမည် ရှိသောအမျိုးသမီးပရောဖက်တစ်ပါးရှိ၏။ သူသည်များစွာအသက်အရွယ်ကြီးရင့်သူ ဖြစ်၏။ ငယ်ရွယ်စဉ်တွင်အိမ်ထောင်ကျ၍ခုနစ် နှစ်မျှခင်ပွန်းဖြစ်သူနှင့်ပေါင်းသင်းရ၏။-
1 Corinthians 11:5မိန်းမသည်စုဝေးဝတ်ပြုခြင်းတွင်မိမိ၏ဦး ခေါင်းကိုမဖုံးမအုပ်ဘဲဆုတောင်းပတ္ထနာပြု သော်လည်းကောင်း၊ တရားတော်ကိုကြေညာ သော်လည်းကောင်း မိမိခင်ပွန်း၏အသရေကို ရှုတ်ချသူဖြစ်၏။ သူသည်ခေါင်းတုံးရိတ်ထား သည့်အမျိုးသမီးနှင့်မထူးခြားတော့ချေ။-