1 ဓမ္မရာဇဝင်တတိယစောင် 22:2
ယောရှိသည်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြု၏။ သူသည်မိမိ၏ဘိုး တော်ဒါဝိဒ်မင်း၏စံနမူနာကိုယူ၍ ဘုရားသခင်၏တရားတော်ရှိသမျှကိုတိကျစွာ လိုက်နာကျင့်သုံး၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 22
Cross References
Deuteronomy 5:32``ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာရမည်။ မည်သည့်ပညတ်တော်ကိုမျှမချိုး ဖောက်နှင့်။-
1 Kings 3:6ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။-
1 Kings 15:5အဘယ်ကြောင့်ဆိုသော်ဒါဝိဒ်သည် ဘုရားသခင် နှစ်သက်တော်မူသည့်အမှုတို့ကိုသာလျှင်ပြုခဲ့ သောကြောင့်ဖြစ်၏။ မင်းကြီးသည်ဟိတ္တိအမျိုးသား ဥရိယ၏အမှုကိစ္စမှတစ်ပါး အခြားအဘယ် အခါ၌မျှကိုယ်တော်၏အမိန့်တော်ကိုလွန်ဆန် ခဲ့ခြင်းမရှိပေ။-
2 Kings 12:3သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများ ကိုမူကား မဖျက်မသိမ်းဘဲထားသဖြင့် ပြည်သူတို့သည်ထိုအရပ်များတွင်ယဇ် ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြသေး၏။
2 Chronicles 17:3ယောရှဖတ်သည်ခမည်းတော်အာသနန်း တက်စအခါကပြုမူခဲ့သည့်စံနမူနာ ကိုလိုက်၍ ဗာလဘုရားအားဝတ်မပြု ရှိမခိုးဘဲနေသဖြင့်ထာဝရဘုရားသည် သူ့အားကောင်းချီးပေးတော်မူ၏။-