bible.software › 1 ဓမ္မရာဇဝင်တတိယစောင် › 1 ဓမ္မရာဇဝင်တတိယစောင် 23 › 1 ဓမ္မရာဇဝင်တတိယစောင် 23:18
1 ဓမ္မရာဇဝင်တတိယစောင် 23:18
ယောရှိက``ထိုသင်္ချိုင်းကိုရှိမြဲရှိစေလော့။ သူ၏အရိုးတို့ကိုမရွှေ့မပြောင်းကြနှင့်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍သူ၏အရိုးတို့ကိုလည်းကောင်း၊ ရှမာရိ မြို့မှလာသောပရောဖက်၏အရိုးတို့ကိုလည်း ကောင်းမရွှေ့မပြောင်းဘဲထားကြ၏။
Common Language Bible
In The King James Version
And he said, Let him alone; let no man move his bones. So they let his bones alone, with the bones of the prophet that came out of Samaria.
In Context
17ဤသင်္ချိုင်းကားမည်သူ၏သင်္ချိုင်းဖြစ် သနည်း'' ဟုမေးတော်မူ၏။ ဗေသလမြို့သားတို့က``ဤသင်္ချိုင်းသည် ယုဒ ပြည်မှလာသောပရောဖက်၏သင်္ချိုင်းဖြစ်ပါ သည်။ ထိုပရောဖက်ကားဤအရပ်ရှိယဇ်ပလ္လင် တွင် အရှင်ပြုတော်မူသောအမှုအရာတို့ကို ကြိုတင်ဟောကြားခဲ့သူဖြစ်ပါ၏'' ဟုပြန်၍ လျှောက်ထားကြ၏။
19ယောရှိမင်းသည်ဣသရေလပြည်အမြို့မြို့ အရွာရွာရှိ ရုပ်တုကိုးကွယ်ရာဌာနများကို ဖြိုဖျက်တော်မူ၏။ ထိုဌာနများကိုတည်ဆောက် ခြင်းအားဖြင့် ဣသရေလဘုရင်တို့သည်ထာဝရ ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြ သတည်း။ ယောရှိသည်ဗေသလမြို့တွင်ပြု တော်မူသကဲ့သို့ ထိုယဇ်ပလ္လင်အပေါင်းတို့ ကိုလည်းပြုတော်မူ၏။-
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 23
Cross References
1 Kings 13:1ယုဒပြည်မှပရောဖက်တစ်ပါးသည် ထာဝရ ဘုရား၏အမိန့်တော်အရဗေသလမြို့သို့ သွားရာယဇ်ပူဇော်ရန် ယဇ်ပလ္လင်တွင်ယေရော ဗောင်ရပ်လျက်နေချိန်၌ရောက်ရှိလာလေသည်။-
1 Kings 13:31ထိုနောက်ပရောဖက်အိုကြီးသည်မိမိ၏သား များအား``ငါသေသောအခါထိုသူ၏အနီး တွင်ကပ်၍ဤသင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလော့။-
This Verse In Other Editions
Study 1 ဓမ္မရာဇဝင်တတိယစောင် 23:18