1 ဓမ္မရာဇဝင်တတိယစောင် 23:2
ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ဆင်းရဲ ချမ်းသာမရွေးယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်အတူ ဗိမာန်တော်သို့ကြွ တော်မူ၏။ မင်းကြီးသည်ထိုသူအပေါင်းတို့ အား ဗိမာန်တော်ထဲတွင်တွေ့ရှိရသောပဋိ ညာဉ်ကျမ်းစောင်ကို အစအဆုံးအသံကျယ် စွာဖတ်ပြတော်မူ၏။-
Common Language Bible
In The King James Version
In Context
1ယောရှိမင်းသည်ယုဒပြည်နှင့်ယေရုရှလင် မြို့ရှိခေါင်းဆောင်များကိုဆင့်ခေါ်ပြီးလျှင်၊-
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 23
Cross References
Deuteronomy 31:10ထို့နောက်မောရှေကသူတို့အား``ခုနစ်နှစ် လျှင်တစ်ကြိမ်ကျရောက်သောကြွေးမြီများ ကိုလျှော်ပစ်သည့်နှစ်တွင်တဲနေပွဲတော်ရက် အတွင်း ဤပညတ်တရားတော်ကိုဣသရေလ အမျိုးသားအပေါင်းတို့ကြားနိုင်အောင်ဖတ် ပြရမည်။-
Deuteronomy 31:26``ဘုရားသခင်၏ပညတ်တရားတော်ကျမ်း စာအုပ်ကိုယူ၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာအနီး တွင်ထားလော့။ ထိုကျမ်းစာအုပ်သည်ကိုယ် တော်၏လူမျိုးတော်တစ်ဘက်၌သက်သေ အဖြစ် ထိုနေရာ၌ရှိနေစေရမည်။-
1 Samuel 30:2အမျိုးသမီးအပေါင်းတို့ကိုဖမ်းဆီးပြီး လျှင်ခေါ်ဆောင်သွားကြ၏။ သို့ရာတွင်မည် သူတစ်စုံတစ်ယောက်ကိုမျှမသတ်ခဲ့ကြ။
2 Kings 22:8ရှာဖန်သည်မင်းကြီး၏အမိန့်တော်ကိုဟိလခိ အားပြောကြား၏။ ထိုနောက်ဟိလခိကမိမိ သည် ဗိမာန်တော်ထဲတွင်ပညတ်တရားကျမ်း စောင်ကိုတွေ့ရှိကြောင်းပြောပြ၏။ ဟိလခိ သည်ထိုကျမ်းစောင်ကိုရှာဖန်အားပေး သဖြင့်ရှာဖန်သည်ဖတ်လေသည်။-
2 Chronicles 17:9သူတို့သည်မိမိတို့နှင့်အတူယူဆောင် သွားသောထာဝရဘုရား၏ပညတ်တရား ကျမ်းအရ ယုဒမြို့အသီးသီးသို့လှည့် လည်ကာပြည်သူတို့အားသွန်သင်ကြ၏။
Nehemiah 8:8သူတို့သည်ထာဝရဘုရား၏ ပညတ်တရား တော်ကိုလူတို့နားလည်နိုင်ရန် ဘာသာပြန် ဆို ကာရှင်းပြကြလေသည်။