1 ဓမ္မရာဇဝင်တတိယစောင် 23:30
သူ၏အရာရှိများသည်မင်းကြီး၏အလောင်းကို စစ်ရထားပေါ်တွင်တင်၍ ယေရုရှလင်မြို့သို့ ယူဆောင်ပြီးလျှင်ဘုရင်တို့၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ယုဒပြည်သူတို့သည်ယောရှိ၏ သားတော်ယောခတ်ကိုရွေးချယ်ကာဘိသိက် ပေး၍မင်းမြှောက်ကြလေသည်။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 23
Cross References
1 Kings 22:33သူတို့သည်ဣသရေလဘုရင်မဟုတ်မှန်းသိရ၍ လွှဲရှောင်ကြ၏။-
2 Kings 14:21ထိုနောက်ယုဒပြည်သူတို့သည် အသက်တစ် ဆယ့်ခြောက်နှစ်ရှိသားတော်သြဇိကိုမင်း မြှောက်ကြ၏။-
2 Chronicles 35:24သူ၏တပ်သားတို့သည်လည်းမင်းကြီးကိုချီ ကြွ၍ အသင့်ရှိနေသောအခြားရထားတစ် စီးအပေါ်သို့တင်ပြီးလျှင်ယေရုရှလင်မြို့ သို့ယူဆောင်သွားကြ၏။ မင်းကြီးသည်ရထား ပေါ်၌ပင်ကွယ်လွန်တော်မူသဖြင့် သူ၏ အလောင်းကိုဘုရင်များ၏သင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သူမြို့သားအပေါင်းတို့သည် မင်းကြီး ကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြုကြကုန်၏။
Jeremiah 22:10ယုဒပြည်သူတို့၊ယောရှိမင်းအတွက်သင်တို့ မငိုကြွေးကြနှင့်။ သူကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေးမှု မပြုကြနှင့်။ သို့ရာတွင်သူ၏သားတော်ယောခတ်အတွက် ပြင်းပြစွာငိုကြွေးကြလော့။ ရန်သူတို့သည်သူ့အားအပြီးအပိုင် ခေါ်ဆောင်သွားကြလိမ့်မည်။ သူသည်မိမိမွေးဖွားရာအရပ်ကို နောင်အဘယ်အခါ၌မျှပြန်လည်တွေ့မြင် ရတော့မည်မဟုတ်။