The Bible Software
bible.software › 1 ဓမ္မရာဇဝင်တတိယစောင် › 1 ဓမ္မရာဇဝင်တတိယစောင် 23 › 1 ဓမ္မရာဇဝင်တတိယစောင် 23:6

1 ဓမ္မရာဇဝင်တတိယစောင် 23:6

သူ​သည်​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား သည့်​တံ​ခွန်​တိုင်​ကို​လည်း ဗိ​မာန်​တော်​ထဲ​မှ​ဖယ် ရှား​ကာ မြို့​ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​သို့​ထုတ်​ပြီး လျှင်​မီး​ရှို့​လေ​သည်။ ထို​နောက်​ပြာ​ကို​ညက်​အောင် ထောင်း​၍ အ​များ​ပြည်​သူ​တို့​၏​သင်္ချိုင်း​မြေ​ပေါ် တွင်​ကြဲ​ဖြန့်​လေ​သည်။-

Common Language Bible

In The King James Version

And he brought out the grove from the house of the LORD, without Jerusalem, unto the brook Kidron, and burned it at the brook Kidron, and stamped it small to powder, and cast the powder thereof upon the graves of the children of the people.

In Context

5သူ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ နီး​နား​ဝန်း​ကျင်​တွင် ရုပ်​တု​များ​ကို​ယဇ်​ပူ ဇော်​ရန်​ယု​ဒ​ဘု​ရင်​များ​ခန့်​အပ်​ထား​သည့် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း​ကောင်း၊ ဗာ​လ ဘု​ရား၊ နေ၊ လ၊ ကြယ်၊ နက္ခတ်​တို့​ကို​ယဇ်​ပူ​ဇော် ကြ​သည့် ယဇ်​ပု​ရော​ဟိတ်​များ​ကို​လည်း ကောင်း​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။

7ဘာ​သာ​ရေး​ဆိုင်​ရာ​ပြည့်​တန်​ဆာ​ တို့​၏​နေ​အိမ်​များ​ကို​လည်း​ဖျက်​ဆီး​တော်​မူ​၏။ (အာ​ရှာ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ၌ အ​သုံး​ပြု​သည့်​ဝတ်​လုံ​များ​ကို​ထို​နေ​အိမ် များ​တွင်​အ​မျိုး​သ​မီး​တို့​ရက်​လုပ်​ကြ​သည်။-)

Read all of 1 ဓမ္မရာဇဝင်တတိယစောင် 23

Cross References

Deuteronomy 7:25သူ​တို့​၏​ရုပ်​တု​များ​ကို​မီး​ရှို့​ပစ်​လော့။ ထို​ရုပ်​တု များ​တွင်​မွမ်း​မံ​ထား​သော​ရွှေ​ငွေ​ကို​တပ်​မက်​၍ သင်​တို့​အ​ဖို့​မ​ယူ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို​ရွံ​ရှာ​မုန်း​တီး​တော်​မူ သ​ဖြင့် ရုပ်​တု​များ​မှ​ရွှေ​ငွေ​ကို​ယူ​မိ​လျှင်​သင် တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့်​မည်။-

Judges 3:7ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​မေ့​လျော့ သွား​ကြ​၏။ ကိုယ်​တော်​ကို​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​နှင့်​အာ​ရှ​ရ​ဘု​ရား​တို့​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။-

1 Kings 15:13မိ​မိ​၏​အ​ဖွား​မာ​ခါ​၏​ထံ​မှ​လည်း​မယ်​တော် ဘု​ရင်​မ​ရာ​ထူး​ကို​နုတ်​သိမ်း​တော်​မူ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ​သည်​အ​သီး​အ​နှံ ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ အာ​ရှ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု ကိုး​ကွယ်​ရန်​အ​တွက် ရှု​မ​ကောင်း​မြင်​မ​ကောင်း​သော ရုပ်​တု​ကို​ပြု​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။ အာ​သ သည်​ထို​ရုပ်​တု​ကို​ခုတ်​ပြီး​လျှင်​ကေ​ဒြုန်​ချောင်း အ​နီး​တွင်​မီး​ရှို့​ပစ်​တော်​မူ​၏။-

2 Kings 10:26ဗာ​လ​ဘု​ရား​ကျောက်​တိုင်​ကို​ယူ​ပြီး​လျှင် မီး​ရှို့​ကြ​၏။-

2 Kings 21:7သူ​သည်​အာ​ရှ​ရ​ဘု​ရား​မ​တံ​ခွန်​တိုင်​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​၏။ ထို​ဗိ​မာန်​တော်​နှင့်​ပတ်​သက် ၍ ထာ​ဝ​ရ​ဘု​ရား​က​ဒါ​ဝိဒ်​နှင့်​သား​တော်​ရှော လ​မုန်​အား``ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ် နွယ်​တို့​၏​နယ်​မြေ​ရှိ​သ​မျှ​မှ ငါ​ရွေး​ချယ် တော်​မူ​ရာ​ယေ​ရု​ရှ​လင်​မြို့​ရှိ ဤ​ဗိ​မာန်​တော် သည်​ငါ့​ကို​အ​စဉ်​အ​မြဲ​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ဖြစ်​လိမ့်​မည်။-

2 Chronicles 15:16အာ​သ​မင်း​သည်​မိ​မိ​၏​အ​ဘွား​တော်​မာ​ခါ ၏​ထံ​တော်​မှ မယ်​တော်​ဘု​ရင်​မ​ရာ​ထူး​ကို​နှုတ် သိမ်း​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ သည်​မြေ​သြ​ဇာ​ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ​အာ​ရှ​ရ ဘု​ရား​မ​အား​ကိုး​ကွယ်​ရန် အ​တွက်​ရှု​မ​ကောင်း မြင်​မ​ကောင်း​သော​ရုပ်​တု​ကို​ပြု​လုပ်​ထား​သော ကြောင့်​ဖြစ်​၏။ အာ​သ​သည်​ထို​ရုပ်​တု​ကို အ​ပိုင်း​ပိုင်း​ခုတ်​ဖြတ်​ကာ ကေ​ဒြုန်​ချိုင့်​ဝှမ်း တွင်​မီး​ရှို့​စေ​တော်​မူ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ဓမ္မရာဇဝင်တတိယစောင် 23:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ဓမ္မရာဇဝင်တတိယစောင် 23:51 ဓမ္မရာဇဝင်တတိယစောင် 231 ဓမ္မရာဇဝင်တတိယစောင် 23:7 →