1 ဓမ္မရာဇဝင်တတိယစောင် 24:14
နေဗုခဒ်နေဇာသည်ယေရုရှလင်မြို့သူမြို့သား များ၊ မင်းညီမင်းသားရှိသမျှနှင့်အမျိုးသား ခေါင်းဆောင်ရှိသမျှ စုစုပေါင်းလူတစ်သောင်း ကိုသုံ့ပန်းများအဖြစ်ဖမ်းဆီးသွား၏။ သူသည် အလွန့်အလွန်ဆင်းရဲသူများကိုသာလျှင် ယုဒပြည်တွင်ချန်ထားပြီးလျှင်ပန်းပဲဆရာ များမှစ၍ အတတ်ပညာသည်အပေါင်းကို ခေါ်ဆောင်သွားလေသည်။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 24
Cross References
2 Kings 24:16သူသည်အရေးပါအရာရောက်သူစုစုပေါင်း လူခုနစ်ထောင်ကို ဗာဗုလုန်ပြည်သို့ဖမ်းဆီး ခေါ်ဆောင်သွား၏။ ထို့ပြင်ပန်းပဲဆရာများ အပါအဝင်အတတ်ပညာသည်တစ်ထောင် ကိုလည်းခေါ်ဆောင်သွား၏။ ထိုသူအားလုံးပင် ကိုယ်လက်သန်စွမ်း၍စစ်မှုထမ်းနိုင်သူများ ဖြစ်ကြသတည်း။
1 Chronicles 9:1ဣသရေလပြည်သူအပေါင်းတို့အားအိမ် ထောင်စုများအလိုက်စာရင်းပြုလုပ်ထား ကြောင်း ဣသရေလဘုရင်များကျမ်းတွင် မှတ်တမ်းတင်၍ထားလေသည်။ ယုဒပြည်သားတို့သည်မိမိတို့၏အပြစ် များကြောင့် ဗာဗုလုန်ပြည်သို့ပြည်နှင်ဒဏ် အပေးခံရကြ၏။-
Nehemiah 1:2ငါ၏ညီဟာနန်နှင့်ယုဒအမျိုးသားတစ်စု သည် ထိုမြို့သို့ရောက်လာကြ၏။ ထိုအခါငါ သည်သူတို့အားပြည်နှင်ဒဏ်သင့်ရာဗာဗုလုန် ပြည်မှယေရုရှလင်မြို့သို့ပြန်လည်ရောက်ရှိ လာကြသူ ယုဒညီအစ်ကိုများနှင့်ယေရု ရှလင်မြို့၏အကြောင်းကိုမေးမြန်းရာ၊-
Jeremiah 28:4ငါသည်ယောယကိမ်၏သားယုဒဘုရင် ယေခေါနိကိုလည်း ယုဒပြည်မှဗာဗုလုန် မြို့သို့လိုက်ပါသွားရကြသည့်သုံ့ပန်းများ နှင့်အတူပြန်လည်ခေါ်ဆောင်ခဲ့မည်။ ဗာဗု လုန်မင်း၏အာဏာတန်ခိုးကိုအမှန်ပင် ငါချိုးနှိမ်တော်မူမည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူကြောင်းပြောကြားလေ၏။
Jeremiah 39:10သူသည်ပစ္စည်းမဲ့ဆင်းရဲသားအချို့အား စပျစ် ဥယျာဉ်များနှင့်လယ်ယာများကိုပေးအပ် ကာယုဒပြည်တွင်ထားခဲ့၏။
Jeremiah 52:16သို့ရာတွင်အလွန့်အလွန်ဆင်းရဲသောသူ အချို့ကိုမူ ယုဒပြည်တွင်ချန်ထားခဲ့၍ စပျစ်ဥယျာဉ်များနှင့်လယ်ယာများတွင် အလုပ်လုပ်စေ၏။