1 ဓမ္မရာဇဝင်တတိယစောင် 3:12
ယောရှဖတ်မင်းက``ထိုသူသည်ပရောဖက်အစစ် အမှန်ဖြစ်ပေသည်'' ဟုဆိုသဖြင့်မင်းသုံးပါး တို့သည်ဧလိရှဲထံသို့သွားကြ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 3
Cross References
2 Kings 2:14သူသည်မြစ်ကမ်းပေါ်တွင်ရပ်လျက်ရေကို ဧလိယ၏ဝတ်လုံဖြင့်ရိုက်၏။ သို့ရာတွင်ရေ သည်ကွဲ၍မသွားချေ။ ဧလိရှဲသည်``ဧလိယ ၏ဘုရားတည်းဟူသောထာဝရဘုရားသခင်ကားအဘယ်မှာနည်း'' ဟုဟစ်အော်ပြီး လျှင် ရေကိုတစ်ဖန်ရိုက်ပြန်၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲသဖြင့် သူသည်မြစ်တစ်ဘက် ကမ်းသို့လျှောက်၍သွားလေသည်။-
2 Kings 2:24ဧလိရှဲသည်လှည့်၍သူတို့အားစိမ်းစိမ်းကြည့် ပြီးလျှင် ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ကျိန်ဆဲလေသည်။ ထိုအခါတောအုပ်ထဲ မှဝက်ဝံမနှစ်ကောင်ထွက်လာကာ ထိုသူငယ် လေးဆယ့်နှစ်ယောက်တို့အားအပိုင်းပိုင်းကိုက် ဖြတ်ကြ၏။
2 Kings 5:15သူသည်မိမိ၏နောက်လိုက်နောက်ပါအပေါင်းနှင့် အတူ ဧလိရှဲထံသို့ပြန်သွားပြီးလျှင်'' ဣသရေလ အမျိုးသားတို့၏ဘုရားမှတစ်ပါး အခြားဘုရား မရှိကြောင်းကိုယခုအကျွန်ုပ်သိပါပြီ။ သို့ဖြစ်၍ အရှင်၊ အကျွန်ုပ်ပေးလှူသောလက်ဆောင်ကိုလက်ခံ တော်မူပါ'' ဟုပြော၏။
Isaiah 60:14သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။