1 ဓမ္မရာဇဝင်တတိယစောင် 4:31
ဂေဟာဇိသည်ရှေ့မှသွားနှင့်ပြီးလျှင်ဧလိရှဲ ၏တောင်ဝှေးကိုကလေး၏အပေါ်တွင်တင်ထား၏။ သို့ရာတွင်သူငယ်ထံမှအသံကိုမကြားရ။ အသက်ရှင်သည့်လက္ခဏာကိုလည်းမတွေ့ရ သဖြင့်ဂေဟာဇိသည်ဧလိရှဲကိုပြန်၍ ကြိုဆိုကာ``သူငယ်မနိုးပါ'' ဟုပြော၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 4
Cross References
1 Samuel 14:37ထို့ကြောင့်ရှောလုသည်ဘုရားသခင်အား``ကျွန် တော်မျိုးတို့သည်ဖိလိတ္တိအမျိုးသားတို့ကို တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားအောင်ပွဲခံစေတော်မူ ပါမည်လော'' ဟုမေးလျှောက်၏။ သို့ရာတွင် ထာဝရဘုရားသည်ထိုနေ့၌ဖြေကြား တော်မမူ။-
1 Kings 18:26သူတို့သည်လည်းမိမိတို့ထံသို့ယူဆောင် လာသောနွားကိုယဇ်ပူဇော်ရန်အတွက် ပြင် ဆင်ကြပြီးလျှင်ဗာလဘုရားထံသို့မွန်း တည့်ချိန်တိုင်အောင်ဆုတောင်းပတ္ထနာပြု ကြ၏။ သူတို့က``အို ဗာလဘုရား၊ အကျွန်ုပ် တို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ ပါ'' ဟုဟစ်အော်ကြပြီးလျှင် မိမိတို့တည် ဆောက်ထားသည့်ယဇ်ပလ္လင်၏ပတ်လည်တွင် ကလျက်နေကြ၏။ သို့ရာတွင်ဗာလဘုရား ထံမှမည်သို့မျှအဖြေမရကြ။
Job 14:12လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။
Daniel 12:2သေလွန်သူအမြောက်အမြားတို့သည်ပြန် ၍ အသက်ရှင်လာကြလိမ့်မည်။ ထိုသူတို့ အနက်အချို့သောသူတို့သည်ထာဝရ အသက်ကိုခံစားရကြလိမ့်မည်။ အချို့ တို့မှာမူထာဝရအသရေပျက်ခြင်း ကိုခံစားရကြလိမ့်မည်။-
Mark 5:39ကိုယ်တော်သည်အိမ်ထဲသို့ဝင်၍ထိုသူတို့အား ``သင် တို့အဘယ်ကြောင့်ရုတ်ရုတ်သဲသဲဖြစ်နေကြသနည်း။ အဘယ်ကြောင့်ငိုယိုနေကြသနည်း။ သူငယ်မသည် သေသည်မဟုတ်၊အိပ်လျက်သာနေ၏'' ဟုမိန့်တော် မူ၏။
John 11:11ကိုယ်တော်သည်ဤသို့မိန့်တော်မူပြီးနောက် ``ငါ တို့၏အဆွေလာဇရုသည်အိပ်ပျော်လျက်နေ ၏။ သူ့ကိုနှိုးရန်ငါသွားမည်'' ဟုမိန့်တော်မူ၏။