1 ဓမ္မရာဇဝင်တတိယစောင် 4:33
သူသည်တံခါးကိုပိတ်ပြီးလျှင်ထာဝရဘုရား အားဆုတောင်းလေ၏။-
Common Language Bible
In The King James Version
He went in therefore, and shut the door upon them twain, and prayed unto the LORD.
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 4
Cross References
1 Kings 18:26သူတို့သည်လည်းမိမိတို့ထံသို့ယူဆောင် လာသောနွားကိုယဇ်ပူဇော်ရန်အတွက် ပြင် ဆင်ကြပြီးလျှင်ဗာလဘုရားထံသို့မွန်း တည့်ချိန်တိုင်အောင်ဆုတောင်းပတ္ထနာပြု ကြ၏။ သူတို့က``အို ဗာလဘုရား၊ အကျွန်ုပ် တို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ ပါ'' ဟုဟစ်အော်ကြပြီးလျှင် မိမိတို့တည် ဆောက်ထားသည့်ယဇ်ပလ္လင်၏ပတ်လည်တွင် ကလျက်နေကြ၏။ သို့ရာတွင်ဗာလဘုရား ထံမှမည်သို့မျှအဖြေမရကြ။
2 Kings 5:11သို့ရာတွင်နေမန်သည်ပြင်းစွာအမျက်ထွက် လျက်``သူသည်ယုတ်စွအဆုံးငါ့ထံသို့ထွက်လာ ပြီးလျှင် မိမိ၏ဘုရားသခင်ထာဝရဘုရား ထံသို့ဆုတောင်းကာ ရောဂါရှိသည့်နေရာတွင် တောင်ဝှေးကိုဝှေ့ရမ်းခြင်းအားဖြင့် ငါ၏ရောဂါ ကိုပျောက်ကင်းစေလိမ့်မည်ဟုငါထင်မှတ်၏။-
2 Kings 6:20သူတို့မြို့တွင်းသို့ဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ဧလိရှဲသည်``အို ထာဝရဘုရား၊ ဤသူတို့၏ မျက်စိကိုဖွင့်တော်မူ၍တစ်ဖန်မြင်စေတော် မူပါ'' ဟုဆုတောင်းသည့်အတိုင်းထာဝရ ဘုရားသည် သူတို့အားမျက်စိအလင်းကို ပြန်၍ပေးတော်မူသောအခါ သူတို့သည် ရှမာရိမြို့တွင်းသို့ရောက်ရှိနေသည်ကို မြင်ရကြ၏။
Luke 8:51ကိုယ်တော်သည်တရားဇရပ်မှူး၏အိမ်သို့ဝင် သောအခါ ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်သူငယ် မ၏မိဘများမှတစ်ပါးမည်သူကိုမျှ မိမိ နှင့်အတူဝင်စေတော်မမူ။-
Acts 9:40ပေတရုသည်ထိုသူအပေါင်းတို့ကိုအပြင် သို့ထွက်စေပြီးလျှင် ဒူးထောက်၍ဆုတောင်း ပတ္ထနာပြု၏။ ထိုနောက်ရုပ်အလောင်းဘက်သို့ လှည့်၍ ``တဗိသ၊ ထလော့'' ဟုဆို၏။ ဒေါ်ကာ သည်မျက်စိဖွင့်၍ပေတရုကိုမြင်သော အခါထထိုင်လေ၏။-