1 ဓမ္မရာဇဝင်တတိယစောင် 6:6
ဧလိရှဲက``ပုဆိန်အဘယ်မှာကျသနည်း'' ဟု မေးလျှင် ထိုသူသည်ကျသည့်နေရာကိုပြ၏။ ဧလိရှဲ သည်တုတ်တစ်ချောင်းကိုခုတ်၍ရေထဲသို့ပစ် ချကာ ပုဆိန်ကိုပေါလောပေါ်စေပြီးနောက်၊-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 6
Cross References
Exodus 15:25မောရှေသည်ထာဝရဘုရားထံစိတ်အား ထက်သန်စွာဆုတောင်းသဖြင့် ထာဝရဘုရား သည်သူ့အားသစ်တုံးတစ်တုံးကိုညွှန်ပြ တော်မူ၏။ သူသည်သစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သောအခါရေခါးသည်ရေချို ဖြစ်လာ၏။ ထာဝရဘုရားသည်ထိုအရပ်တွင် သူတို့ အားကျင့်သုံးရန်ပညတ်များကိုပြဋ္ဌာန်း ၍ ထိုအရပ်၌ပင်သူတို့နားထောင်ခြင်းရှိ၊ မရှိကိုစစ်ဆေးတော်မူ၏။-
2 Kings 4:41ဧလိရှဲသည်မုန့်ညက်အနည်းငယ်ကိုတောင်းယူ ကာအိုးထဲသို့ပစ်ထည့်လိုက်၏။ ထိုနောက်``ဤသူ တို့စားသောက်ရန်လောင်းထည့်လော့'' ဟုဆိုသည့် အတိုင်းလောင်းထည့်သောအခါအဆိပ်မရှိ တော့ချေ။
Mark 8:23ကိုယ်တော်သည်မျက်မမြင်ကိုလက်ဆွဲကာရွာ အပြင်သို့ခေါ်သွားတော်မူ၏။ သူ၏မျက်စိများ ကိုတံတွေးနှင့်ထွေး၍ သူ၏အပေါ်မှာလက်တော် ကိုတင်တော်မူ၏။ ထိုနောက် ``သင်ယခုမျက်စိ မြင်ပြီလော'' ဟုမေးတော်မူ၏။