1 ဓမ္မရာဇဝင်တတိယစောင် 6:9
သို့ရာတွင်ဧလိရှဲကဣသရေလဘုရင်အား``ဤ မည်သောနေရာတွင်ရှုရိအမျိုးသားတို့သည် ခြုံ ခိုတိုက်ခိုက်ရန်စောင့်လျက်နေကြပါသည်။ သို့ ဖြစ်၍ထိုနေရာသို့မသွားပါနှင့်'' ဟုလူလွှတ် ၍သတိပေးလေသည်။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 6
Cross References
1 Kings 20:13ဤအတောအတွင်း၌ပရောဖက်တစ်ပါးသည် အာဟပ်မင်းထံသို့သွား၍``ထာဝရဘုရား ကသင့်အား`ထိုကြီးမားသည့်စစ်သည်အလုံး အရင်းကိုမြင်၍မကြောက်နှင့်။ ယနေ့သင့် အားထိုတပ်မတော်ကြီးကိုဖြိုခွင်းခွင့်ငါ ပေးမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သင်သိရလိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။
2 Kings 3:17သင်တို့သည်မိုးနှင့်လေကိုမတွေ့မမြင်ရသော် လည်း ဤချောင်းသည်ရေပြည့်လိမ့်မည်။ သင်တို့နှင့် သင်တို့၏သိုးနွားများဝန်တင်တိရစ္ဆာန်များ အတွက် သောက်သုံးရန်ရေအလုံအလောက်ရရှိ လိမ့်မည်' ဟုဘုရားသခင်မိန့်တော်မူပြီ'' ဟု ဆို၏။-
2 Kings 6:12တပ်မှူးတစ်ယောက်က``အရှင်မင်းကြီး၊ အဘယ် သူမျှမပါပါ။ ပရောဖက်ဧလိရှဲသည်အရှင် ၏အိမ်ခန်းတွင်တီးတိုးပြောသည့်စကားကို ပင် ဣသရေလဘုရင်အားသံတော်ဦးတင် ပါ၏'' ဟုလျှောက်၏။
Psalms 33:10ထာဝရဘုရားသည်လူမျိုးတကာတို့၏ ရည်မှန်းချက်များကိုပျက်ပြားစေတော်မူ၏။ သူတို့၏အကြံအစည်များကိုလည်း အထမမြောက်စေရန်ဆီးတားတော်မူ၏။
Amos 3:7အကယ်စင်စစ်အရှင်ထာဝရဘုရားသည် မိမိ၏အကြံတော်ကို မိမိ၏ကျွန်ပရောဖက် တို့အားမဖော်ပြဘဲမည်သည့်အမှုကိုမျှ ပြုတော်မမူ။