1 ဓမ္မရာဇဝင်တတိယစောင် 7:1
ဧလိရှဲက``ထာဝရဘုရားမိန့်တော်မူသော စကားကိုနားထောင်တော်မူပါ။ နက်ဖြန်ဤ အချိန်ရောက်သော် ရှမာရိမြို့စျေးထဲတွင် အကောင်းဆုံးဂျုံဆန်ဆယ်ပေါင် သို့မဟုတ် မုရောဆန်ပေါင်နှစ်ဆယ်ကိုငွေသားတစ်ကျပ် ဖြင့်ဝယ်ယူနိုင်လိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 7
Cross References
Exodus 9:5ငါသည်နက်ဖြန်နေ့၌ထိုအမှုကိုပြုမည်' ဟုထာဝရဘုရားအချိန်ကန့်သတ်တော်မူ ကြောင်းကိုပြောလော့'' ဟူ၍မိန့်တော်မူ၏။
Exodus 16:12``ငါသည်ဣသရေလအမျိုးသားတို့၏ ညည်းညူအပြစ်တင်သံကိုကြားရပြီ။ သူ တို့သည်ညဦးယံ၌အသားကိုစားရကြ မည်။ နံနက်တွင်မုန့်ကိုလိုသမျှရကြမည်။ ထိုအခါငါထာဝရဘုရားသည်သူတို့ ၏ဘုရားသခင်ဖြစ်သည်ကို သူတို့သိရ ကြလိမ့်မည်ဖြစ်ကြောင်းသူတို့အားဆင့် ဆိုလော့'' ဟုမိန့်တော်မူ၏။
1 Samuel 11:9ထိုသူတို့ကယာဗက်မြို့မှလာသောစေ တမန်တို့အား``ငါတို့သည်နက်ဖြန်မွန်း မတည့်မီသင်တို့မြို့သားများအားကယ် ဆယ်မည်ဖြစ်ကြောင်း သူတို့အားပြောကြား ကြလော့'' ဟုမှာကြားလိုက်၏။ ထိုသတင်း ကိုရသောအခါယာဗက်မြို့သားတို့သည် အတိုင်းထက်အလွန်ဝမ်းမြောက်ကြကုန်၏။-
1 Kings 22:19မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကိုယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါးတော် တွင်ကောင်းကင်တမန်များရပ်လျက်နေကြ သည်ကိုလည်းကောင်းငါမြင်၏။-
2 Kings 6:25မြည်းခေါင်းတစ်လုံးကိုငွေသားရှစ်ဆယ်ဖြင့် လည်းကောင်း၊ ခိုချေး အစိတ်သားကိုငွေသားငါးခုဖြင့်လည်းကောင်း ဝယ်ယူရသည့်တိုင်အောင်ထိုမြို့တွင်အစာ ခေါင်းပါး၏။
2 Kings 7:16ရှမာရိမြို့သားတို့သည်ပြေး၍ထွက်လာပြီး လျှင် ရှုရိတပ်စခန်းကိုလုယက်ကြကုန်၏။ ထို့ နောက်ထာဝရဘုရားမိန့်တော်မူခဲ့သည်အတိုင်း အကောင်းဆုံးဂျုံဆန်ဆယ်ပေါင်သို့မဟုတ် မုယောဆန်ပေါင်နှစ်ဆယ်ကို ငွေသားတစ်ကျပ် ဖြင့်ရောင်းချကြလေသည်။