1 ဓမ္မရာဇဝင်တတိယစောင် 9:13
ချက်ချင်းပင်ယေဟု၏အဖော်ဗိုလ်မှူးတို့သည် လှေကားထိပ်ပေါ်တွင်ယေဟုနင်းရန် မိမိတို့၏ ဝတ်လုံများကိုဖြန့်ခင်းပြီးလျှင်တံပိုးခရာ မှုတ်၍``ယေဟုသည်ဘုရင်ဖြစ်တော်မူ၏'' ဟု ကြွေးကြော်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 9
Cross References
2 Samuel 15:10သို့ရာတွင်သူသည်ဣသရေလအနွယ်ရှိ သမျှတို့ထံသို့စေတမန်များလွှတ်ပြီး လျှင်``သင်တို့သည်တံပိုးခရာများမှုတ် သံကိုကြားသောအခါ``အဗရှလုံသည် ဟေဗြုန်မြို့တွင်နန်းတက်တော်မူပြီ' ဟု ကြွေးကြော်ကြလော့'' ဟုမှာကြားထား လေသည်။-
1 Kings 1:34ထိုအရပ်တွင်ဇာဒုတ်နှင့်နာသန်တို့ကသူ့အား ဣသရေလဘုရင်အဖြစ်ဖြင့်ဘိသိက်ပေးကြ စေ။ ထို့နောက်တံပိုးခရာမှုတ်၍`ရှောလမုန်မင်း သက်တော်ရှည်ပါစေသော' ဟုကြွေးကြော်ကြ လော့။-
2 Kings 11:12ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာသရဖူကိုဆောင်းစေပြီး လျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်၏။ ထို့နောက်သူ့အားဘိသိက်ပေး၍ ဘုရင် ဖြစ်ကြောင်းကြေညာလေသည်။ လူတို့သည် လည်းလက်ခုပ်တီးလျက်``မင်းကြီးသက် တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြကုန်၏။
Psalms 47:5ဘုရားသခင်သည်မိမိ၏ရာဇပလ္လင်တော်သို့ တက်ကြွတော်မူ၏။ ထာဝရဘုရားတက်ကြွတော်မူသောအခါ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော်သည့်အသံ များနှင့် တံပိုးခရာမှုတ်သံများကိုကြားရကြ၏။
Matthew 21:7သူတို့သည်မြည်းမနှင့်မြည်းကလေးကိုဆောင် ယူခဲ့၍ မိမိတို့၏ဝတ်လုံများကိုလွှမ်းတင်ကြ ၏။ ကိုယ်တော်သည်မြည်းကိုစီးတော်မူ၏။-
Luke 19:36ကိုယ်တော်မြည်းစီး၍ကြွတော်မူစဉ်လူတို့ သည် မိမိတို့၏အဝတ်များကိုလမ်းပေါ်မှာ ဖြန့်ခင်းကြ၏။