1 ဓမ္မရာဇဝင်တတိယစောင် 9:32
ယေဟုသည်မော်၍ကြည့်ပြီးလျှင်``ငါ၏ဘက် သို့အဘယ်သူပါမည်နည်း'' ဟုမေး၏။ ထိုအခါ သူ့အားမိန်းမစိုးနှစ်ယောက်သုံးယောက်တို့သည် နန်းတော်ပြူတင်းမှငုံ့၍ကြည့်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 9
Cross References
Exodus 32:26ထို့ကြောင့်သူသည်စခန်းပေါက်ဝတွင်ရပ် လျက်``ထာဝရဘုရား၏ဘက်တော်သားဖြစ် သူတို့၊ ငါ့ထံသို့လာကြလော့'' ဟုအော်ဟစ် ဖိတ်ခေါ်လေ၏။ ထိုအခါလေဝိအမျိုးသား အပေါင်းတို့သည်မောရှေထံသို့စုရုံးလာ ကြသောအခါ၊-
2 Chronicles 11:12ဒိုင်းလွှားနှင့်လှံတံများကိုသိုလှောင်ထားတော် မူ၏။ ဤနည်းအားဖြင့်သူသည်ယုဒနှင့်ဗင်္ယာ မိန်နယ်မြေများကိုထိန်းသိမ်းအုပ်ချုပ်ထား တော်မူ၏။
Esther 2:15အဘိဟဲလ၏သမီး၊ မော်ဒကဲ၏ဝမ်းကွဲ နှမနှင့်မွေးစားသမီး၊ မြင်သူတိုင်းချီးမွမ်း ခံရသည့်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရန်အလှည့်ရောက်သောအခါ အပျို တော်ဆောင်အုပ်၊ မိန်းမစိုးဟေဂဲအကြံ ပေးသည့်အဝတ်အစားကိုဝတ်ဆင်၍ သွားလေသည်။-
Psalms 94:16အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။ အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
Psalms 124:1အကယ်၍ထာဝရဘုရားသာ ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင်အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း။ အို ဣသရေလအမျိုးသားတို့၊ဖြေကြားကြလော့။