ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1:5
ဤအကြောင်းကြောင့်သင်တို့သည်မိမိတို့၏ ယုံကြည်ခြင်းကိုအကျင့်သီလဖြင့်လည်း ကောင်း၊ အကျင့်သီလကိုအသိပညာဖြင့် လည်းကောင်း၊-
Common Language Bible
In The King James Version
And beside this, giving all diligence, add to your faith virtue; and to virtue knowledge;
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1
Cross References
Joshua 7:3သူတို့သည်ယင်းသို့ထောက်လှမ်းပြီးနောက် ယောရှုထံသို့ပြန်လာပြီးလျှင်``အာဣမြို့ ကိုအကျွန်ုပ်တို့အားလုံးချီတက်တိုက်ခိုက် ရန်မလိုပါ။ လူနှစ်ထောင်သုံးထောင်ခန့်စေ လွှတ်လျှင်လုံလောက်ပါ၏။ စစ်တပ်တစ်တပ် လုံးစေလွှတ်ရန်မလိုအပ်ပါ။ ထိုမြို့သည် မြို့ကြီးမဟုတ်ပါ'' ဟူ၍ပြန်ကြားကြ လေသည်။-
Proverbs 4:23နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။
Zechariah 6:15ရပ်ဝေးဒေသတွင်နေထိုင်ကြကုန်သော လူတို့သည်လာ၍ ထာဝရဘုရား၏ဗိမာန် ကိုပြန်လည်တည်ဆောက်ရာတွင်ကူညီဆောင် ရွက်ကြလိမ့်မည်။ ထိုဗိမာန်တော်ကိုပြန်လည် တည်ဆောက်၍ပြီးသောအခါ သင်တို့သည် မိမိတို့ထံသို့ငါ့အားအနန္တတန်ခိုးရှင် ထာဝရဘုရားစေလွှတ်တော်မူခဲ့ကြောင်း သိရှိကြလိမ့်မည်။ အကယ်၍သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်တို့ကိုတိကျစွာလိုက်နာကြ ပါမူဤအမှုအရာများဖြစ်ပျက်လာ လိမ့်မည်။
Luke 24:21ထိုအရှင်သည်ဣသရေလလူမျိုးကိုလွတ်မြောက် စေတော်မူမည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့် ခဲ့ကြပါ၏။ အဆိုပါအမှုအရာများဖြစ်ပျက် ခဲ့သည်မှာယခုသုံးရက်ရှိပါပြီ။-
1 Corinthians 14:20ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။-
Ephesians 5:17ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။