ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:15
သူတို့သည်လမ်းဖြောင့်မှသွေဖီကာမှောက် မှားလမ်းလွဲကြလေပြီ။ ဗောသော်၏သား၊ ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြပြီ။ ဗာလမ် ကားအပြစ်ပြုခြင်းဖြင့်ရရှိမည့်အခကို တပ်မက်သည်ဖြစ်၍၊-
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2
Cross References
Numbers 22:18သို့ရာတွင်ဗာလမ်က``ဗာလက်ဘုရင်သည်နန်း တော်တွင်ရှိသမျှသောရွှေ၊ ငွေကို ငါ့အားပုံ၍ ပေးသော်လည်းငါ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုငါမလွန်ဆန်နိုင်။-
Numbers 22:28ထိုအခါထာဝရဘုရားသည်မြည်းကိုလူကဲ့ သို့ စကားပြောစေသဖြင့်မြည်းကဗာလမ် အား``ငါ့ကိုအဘယ်အပြစ်ကြောင့်သုံးကြိမ် တိုင်အောင်ရိုက်ရပါသနည်း'' ဟုမေးလေ သည်။
Deuteronomy 23:4သင်တို့အီဂျစ်ပြည်မှထွက်လာကြစဉ်သူ တို့သည် သင်တို့လိုအပ်သောရိက္ခာနှင့်ရေ ကိုမပေးကြ။ မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့သား၊ ဗောရ၏သားဗာလမ်ကို ငှား၍သင်တို့အားကျိန်ဆဲစေကြ၏။-
1 Kings 18:18ဧလိယက``ဒုက္ခပေးသူမှာငါမဟုတ်။ ဒုက္ခပေး သူများမှာသင်နှင့်သင်၏ခမည်းတော်သာလျှင် ဖြစ်ပါသည်။ သင်သည်ထာဝရဘုရား၏ပညတ် တော်တို့ကိုလွန်ဆန်၍ ဗာလဘုရား၏ရုပ်တု များကိုရှိခိုးဝတ်ပြုလျက်နေပေသည်။-
Nehemiah 13:2ဤသို့ပညတ်ရခြင်းမှာအမ္မုန်နှင့်မောဘ ပြည်သူတို့သည်ဣသရေလအမျိုးသား များအီဂျစ်ပြည်မှထွက်ခွာလာချိန်၌ အစာရေစာကိုမပေးဘဲနေခဲ့ကြသော ကြောင့်ဖြစ်၏။ ထိုပြင်ဗာလမ်ကိုငှား၍ ဣသရေလအမျိုးသားတို့အားကျိန်ဆဲ စေကြ၏။ သို့ရာတွင်ငါတို့ဘုရားသခင် သည်ထိုကျိန်ဆဲသောစကားကိုကောင်းချီး ပေးသောစကားဖြစ်စေတော်မူ၏။-
Ezekiel 9:10သို့ရာတွင်ငါသည်သူတို့ကိုသနားမည် မဟုတ်။ ချမ်းသာပေးလိမ့်မည်မဟုတ်။ ထိုသူ တို့သူတစ်ပါးအားပြုကြသည်အတိုင်း သူတို့အားငါပြုမည်'' ဟုမိန့်တော်မူ၏။