1 ဓမ္မရာဇဝင်ပထမစောင် 1:2
နောက်တစ်နေ့၌ ရှောလု၏တပ်စခန်းမှလူငယ် တစ်ယောက်သည် ဝမ်းနည်းကြေကွဲသည့်လက္ခဏာ ဖြင့် မိမိ၏အဝတ်များကိုဆုတ်ဖြဲကာ ဦးခေါင်း ကိုမြေမှုန့်ကြဲဖြန့်လျက်ရောက်လာ၏။ သူသည် ဒါဝိဒ်ထံသို့ချဉ်းကပ်ပြီးလျှင်မြေပေါ်မှာ ပျပ်ဝပ်ရှိခိုးလေ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 1
Cross References
Genesis 22:4တတိယနေ့သို့ရောက်သော်အာဗြဟံသည် ထိုအရပ်ကိုအဝေးမှမြင်ရ၏။-
Genesis 37:29ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
Genesis 43:28သူတို့က``အရှင့်ကျွန်၊ ကျွန်တော်တို့၏အဖသည် ကျန်းမာ၍အသက်ရှင်လျက်ရှိပါ၏'' ဟုဖြေ ကြ၏။ ထိုနောက်သူတို့သည်ယောသပ်အား ဦးညွှတ်ရှိခိုးကြ၏။
1 Samuel 4:12ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်သည် စစ်မြေ မှလမ်းတစ်လျှောက်လုံးပြေးလာ၏။ သူသည် ဝမ်းနည်းသောအထိမ်းအမှတ်ဖြင့်အဝတ် များကိုဆုတ်ဖြဲကာ ဦးခေါင်းပေါ်တွင်မြေ မှုန့်တင်လျက်ရှိလောမြို့သို့တစ်နေ့ချင်း ပင်ရောက်ရှိလာ၏။-
1 Samuel 20:41သူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် ကျောက်ပုံ နောက်မှထွက်လာပြီးလျှင်ဒူးထောက်၍ ယော နသန်အားသုံးကြိမ်တိုင်တိုင်ပျပ်ဝပ်ဦး ညွှတ်၏။ ထိုနောက်သူတို့သည်အချင်းချင်း ဖက်နမ်းငိုကြွေးကြ၏။ ဒါဝိဒ်၏ကြေကွဲ မှုသည် ယောနသန်၏ကြေကွဲမှုထက်ပင် ပိုမိုပြင်းထန်လေသည်။-
2 Samuel 4:10ရှောလုကွယ်လွန်တော်မူကြောင်းဇိကလတ် မြို့တွင်ငါ့ထံသို့လာရောက်ပြောကြားသူ သည် မိမိယူဆောင်လာသောသတင်းကို သတင်းကောင်းဟုထင်မှတ်ခဲ့သည်။ သို့ရာ တွင်ငါသည်သူ့ကိုဖမ်းဆီး၍ကွပ်မျက် လိုက်၏။ ဤကားမိမိပေးသည့်သတင်း အတွက်ထိုသူရရှိသည့်ဆုလာဘ်ပင် ဖြစ်သည်။-