1 ဓမ္မရာဇဝင်ပထမစောင် 1:6
ထိုသူငယ်က``ကျွန်တော်သည်ဂိလဗောတောင် ပေါ်တွင်ရှိနေခိုက်နှင့်ကြုံသဖြင့် ရှောလုမင်း သည်မိမိ၏လှံကိုမှီလျက်နေသည်ကိုလည်း ကောင်း၊ ရန်သူ၏စစ်ရထားများနှင့်မြင်းစီး သူရဲတို့သည်သူ၏အနီးသို့ချဉ်းကပ် လာကြသည်ကိုလည်းကောင်းမြင်ပါ၏။-
Common Language Bible
In The King James Version
In Context
5ဒါဝိဒ်က``ရှောလုနှင့်ယောနသန်ကွယ်လွန် ကြောင်းကိုသင်အဘယ်သို့သိသနည်း'' ဟု မေးလျှင်၊
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 1
Cross References
1 Samuel 6:9လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''
1 Samuel 31:1ဂိလဗောတောင်ပေါ်တွင်ဖိလိတ္တိအမျိုးသား တို့နှင့် ဣသရေလအမျိုးသားတို့တိုက်ပွဲ ဖြစ်ရာ ဣသရေလအမျိုးသားအများ အပြားကျဆုံးကြ၏။ ကျန်သောသူတို့ သည်ထွက်ပြေးကြ၏။-
2 Samuel 1:21``ဂိလဗောတောင်ကုန်းများပေါ်၌ မိုးမရွာနှင်းမကျပါစေနှင့်။ ထိုတောင်ကုန်းများမှလယ်ယာများသည် ထာဝစဉ်အသီးအနှံကင်းမဲ့ပါစေသော။ အဘယ်ကြောင့်ဆိုသော်ထိုအရပ်သည် သူရဲကောင်းတို့၏ဒိုင်းလွှားများအသရေ ပျက်၍ ကျန်ရစ်ရာ၊ ရှောလု၏ဒိုင်းလွှားသံချေးတက်လျက်နေရာ ဖြစ်သောကြောင့်တည်း။
Luke 10:31ယဇ်ပုရောဟိတ်တစ်ပါးသည်ထိုလမ်းအတိုင်း ခရီးပြုလာစဉ်ထိုသူကိုမြင်၏။ သို့ရာတွင် သူသည်ရှောင်ကွင်း၍သွား၏။-