1 ဓမ္မရာဇဝင်ပထမစောင် 10:18
ဣသရေလအမျိုးသားတို့သည်ရှုရိပြည် သားတို့အားတိုက်ထုတ်လိုက်ကြ၏။ ဒါဝိဒ် ၏လူတို့ကရှုရိစစ်ရထားမှူးခုနစ်ရာ နှင့်မြင်းစီးသူရဲလေးသောင်းတို့ကိုသုတ် သင်ပြီးလျှင် ရန်သူဗိုလ်ချုပ်ရှောဗက်ကို လည်းဒဏ်ရာရစေ၏။ ထို့ကြောင့်သူသည် စစ်မြေပြင်၌ပင်သေဆုံးလေသည်။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 10
Cross References
Judges 4:22သိသရအားရှာဖွေရန်ဗာရက်ရောက်ရှိလာ သောအခါ ယေလသည်ထွက်၍ခရီးဦးကြို ပြုလျက်``တဲထဲသို့ဝင်ပါ။ သင်ရှာဖွေနေသူ အားကျွန်မပြပါမည်'' ဟုပြော၏။ ဗာရက် သည်ယေလနှင့်အတူတဲထဲသို့ဝင်လိုက် သောအခါနားထင်တွင်တဲရှင်ငုတ်ချွန်စိုက် ၍သေနေသူသိသရကိုတွေ့မြင်ရတော့၏။
2 Samuel 8:4မြင်းတပ်သားတစ်ထောင်ခုနစ်ရာနှင့်ခြေလျင် တပ်သားနှစ်သောင်းကိုဖမ်းဆီးရမိတော် မူ၏။ မင်းကြီးသည်ရထားအစီးတစ်ရာ အတွက်မြင်းတစ်ရာကိုသိမ်း၍ ကျန်သော မြင်းရှိသမျှတို့၏ခြေကြောကိုဖြတ် လေ၏။-
Psalms 18:38သူတို့အားကျွန်တော်မျိုးထိုးနှက်တိုက်ခိုက် လိုက်သောအခါသူတို့သည်မထနိုင်ကြ တော့ပါ။ ကျွန်တော်မျိုး၏ခြေရင်းတွင်လဲ၍ အညံ့ခံကြရပါ၏။
Psalms 68:2ကိုယ်တော်သည်သူတို့အားလေတွင်လွင့်ပါ သွားသော မီးခိုးကဲ့သို့လွင့်စင်သွားစေတော်မူ၏။ ဖယောင်းသည်မီးရှေ့တွင်အရည်ပျော်သကဲ့သို့ လူယုတ်မာတို့သည်ဘုရားသခင်၏ရှေ့တွင် သေကျေပျက်စီးကြ၏။