1 ဓမ္မရာဇဝင်ပထမစောင် 11:2
တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 11
Cross References
Genesis 3:6မိန်းမသည်အပင်၏တင့်တယ်ခြင်း၊ အသီး၏ စားချင့်စဖွယ်ကောင်းခြင်းကိုမြင်ရ၏။ ထို့ပြင် ပညာဉာဏ်ရှိလျှင် အံ့ဘွယ်ကောင်းလိမ့်မည်ဟု စိတ်ထင်လျက်အသီးကိုဆွတ်၍စားလေ၏။ သူ၏ခင်ပွန်းအားလည်းပေးသဖြင့်သူလည်း စား၏။-
Genesis 12:11သူသည်အီဂျစ်ပြည်ထဲသို့ဝင်ရန်နယ်စပ် ကိုဖြတ်ကျော်ခါနီးတွင် သူ၏မယားစာရဲ အား``သင်သည်ရုပ်ရည်လှသောအမျိုးသမီး ဖြစ်၏။-
Genesis 39:6ပေါတိဖာသည်မိမိပိုင်သမျှပစ္စည်းအားလုံး တို့ကိုယောသပ်လက်သို့လွှဲအပ်ထား၏။ သူစား သောအစာမှလွဲ၍မည်သည့်အရာ၌မျှဝင် ရောက်စွက်ဖက်ခြင်းမပြုချေ။
Deuteronomy 22:8``သင်သည်အိမ်သစ်တစ်ဆောင်ကိုဆောက်သည့် အခါ အမိုးစွန်းပတ်လည်တွင်အကာအရံ ရှိစေရမည်။ ထိုသို့ကာရံထားလျှင်တစ်စုံ တစ်ယောက်သောသူသည် အမိုးပေါ်မှလိမ့် ကျသေဆုံးခဲ့သော်သင်၏တာဝန်မဟုတ်။
2 Samuel 4:5ရေခပ်နှင့်ဗာနာတို့သည်ဣရှဗောရှက်၏အိမ် တော်သို့သွားရာ ဣရှဗောရှက်နေ့လယ်အိပ် စက်အနားယူနေချိန်မွန်းတည့်ခန့်၌ရောက် ရှိလာကြ၏။-
2 Samuel 13:1ဒါဝိဒ်၏သားတော်အဗရှလုံတွင် တာမာ နာမည်ရှိသောအဆင်းလှသူနှမတော်ရှိ ၏။ ဒါဝိဒ်၏သားတော်တစ်ပါးဖြစ်သူအာ မနုန်သည်ထိုနှမတော်ကိုအလွန်စုံမက်၏။-