1 ဓမ္မရာဇဝင်ပထမစောင် 12:8
သင့်အားရှောလု၏နိုင်ငံနှင့်မိဖုရားတို့ ကိုပေးအပ်ခဲ့၏။ ဣသရေလပြည်နှင့်ယုဒ ပြည်တို့ကိုအစိုးရသောဘုရင်ဖြစ်စေခဲ့၏။ အကယ်၍ဤမျှနှင့်မလုံလောက်သေးပါ မူငါသည်သင့်အားနှစ်ဆတိုး၍ပေးဦး မည်ဖြစ်သည်။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 12
Cross References
1 Samuel 15:19သင်သည်အဘယ်ကြောင့်ကိုယ်တော်၏အမိန့် တော်ကိုမနာခံပါသနည်း။ အဘယ်ကြောင့် လက်ရပစ္စည်းများကိုမက်မက်မောမောသိမ်း ယူကာ ထာဝရဘုရားမနှစ်သက်သော အမှုကိုပြုဘိသနည်း'' ဟုဆို၏။
2 Samuel 5:5ယုဒပြည်ဘုရင်အဖြစ်ဖြင့်ဟေဗြုန်မြို့တွင် ခုနစ်နှစ်ခွဲ၊ ဣသရေလပြည်တစ်ခုလုံးနှင့် ယုဒပြည်ဘုရင်အဖြစ်ဖြင့် ယေရုရှလင် မြို့တွင်သုံးဆယ့်သုံးနှစ်နန်းစံတော်မူ သတည်း။
2 Samuel 9:7ဒါဝိဒ်ကလည်း``မကြောက်နှင့်ငါသည်သင်၏ ဖခင်ယောနသန်၏မျက်နှာကိုထောက်၍သင့် အားကျေးဇူးပြုမည်။ သင်၏အဖိုးရှောလု ပိုင်ဆိုင်ခဲ့သည့်မြေယာမှန်သမျှကိုသင့် အားပြန်၍ပေးမည်။ သင့်အားငါ့စားပွဲ တွင်နေ့စဉ်စားသောက်ခွင့်ကိုငါပေးမည်'' ဟုမိန့်တော်မူ၏။
2 Samuel 12:11ငါသည်သင်၏မိသားစုထဲမှပင်သင့်အား ဒုက္ခပေးမည့်သူတစ်ဦးကိုပေါ်ပေါက်လာ စေမည်။ သင်၏မယားများကိုအခြားသူ အားငါပေးအပ်သည်ကိုသင်မြင်ရလိမ့်မည်။ ထိုသူသည်သင်၏မယားတို့နှင့်နေ့ခင်း ကြောင်တောင်၌ကိုယ်လက်နှီးနှောမှုကိုပြု လိမ့်မည်။-
Psalms 84:11ထာဝရဘုရားသည်ငါတို့အား ကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။ ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အား ကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။
Romans 8:32မိမိ၏သားတော်ရင်းကိုပင်မနှမြောဘဲငါ တို့ရှိသမျှအတွက် ယဇ်အဖြစ်ပူဇော်တော် မူသောဘုရားသခင်သည်ဆန့်ကျင်မည်မဟုတ်။ ငါတို့အတွက်သားတော်ကိုပူဇော်သောအရှင် သည်အရာခပ်သိမ်းကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။-