1 ဓမ္မရာဇဝင်ပထမစောင် 13:3
သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 13
Cross References
Genesis 3:1မြွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်း တော်မူသမျှသောတိရစ္ဆာန်တို့တွင် အစဉ်းလဲဆုံး သတ္တဝါဖြစ်၏။ ``ဘုရားသခင်ကဥယျာဉ်ထဲ ရှိအပင်များမှအသီးကိုမစားရဟု အမှန် ပင်ပညတ်ထားပါသလော'' ဟူ၍မြွေက မိန်းမအားမေး၏။
Genesis 38:20ယုဒသည်မိန်းမထံမှအာမခံပစ္စည်းများကို ပြန်ယူရန် သူ၏မိတ်ဆွေဟိရကိုဆိတ်ငယ်နှင့် အတူစေလွှတ်လေ၏။ ဟိရသည်မိန်းမကို ရှာမတွေ့လျှင်၊-
1 Samuel 16:9ယေရှဲသည်ရှိမာကိုခေါ်လိုက်၏။ ထိုအခါ``ဤ သူ့ကိုလည်းထာဝရဘုရားရွေးချယ်တော် မမူ'' ဟုရှမွေလဆိုပြန်၏။-
2 Samuel 14:2ထို့ကြောင့်သူသည်တေကောမြို့နေအသိ အလိမ္မာရှိသူအမျိုးသမီးတစ်ယောက်ကို အခေါ်ခိုင်းပြီးလျှင် ထိုအမျိုးသမီးအား``သင် သည်ငိုကြွေးမြည်တမ်းဟန်ပြုလော့။ ဝမ်းနည်း ပူဆွေးသည့်အနေဖြင့်ဝတ်စား၍ခေါင်းမဖီး ဘဲ ကာလကြာမြင့်စွာငိုကြွေးမြည်တမ်းနေ သူအမျိုးသမီးတစ်ဦးကဲ့သို့ပြုမူလော့။-
2 Samuel 21:21သူသည်ဣသရေလအမျိုးသားတို့အား ကြိုးစားပြောဆိုသဖြင့် ဒါဝိဒ်၏အစ်ကို ရှိမာ၏သားယောနသန်ကသူ့ကိုသတ် လိုက်လေသည်။
1 Chronicles 27:32ဒါဝိဒ်၏ဘထွေးတော်ယောနသန်သည် တတ် သိလိမ္မာစွာအကြံဉာဏ်ပေးတတ်သူပညာရှင် ဖြစ်၏။ သူနှင့်ဟခမောနိ၏သားယေဟေလ တို့သည်ဘုရင့်သားတော်များအားပညာပို့ ချရေးကိုတာဝန်ယူရကြ၏။-