1 ဓမ္မရာဇဝင်ပထမစောင် 13:37
အဗရှလုံသည်ထွက်ပြေးပြီးလျှင်ဂေရှုရ ပြည်အမိဟုဒ်၏သားဘုရင်တာလမဲထံ သို့သွား၏။ ဒါဝိဒ်သည်လည်းသားတော် အာမနုန်အတွက် ကာလကြာမြင့်စွာဝမ်း နည်းကြေကွဲလျက်နေ၏။ အဗရှလုံသည် ဂေရှုရပြည်တွင်သုံးနှစ်မျှနေလေသည်။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 13
Cross References
2 Samuel 3:3ဒုတိယသားမှာခိလပ်ဖြစ်၍သူ၏မိခင်ကား ကရမေလမြို့မှနာဗလ၏မုဆိုးမအဘိ ဂဲလဖြစ်၏။ တတိယသားကားအဗရှလုံ ဖြစ်၏။ သူ၏မိခင်မှာဂေရှုရဘုရင်တာလမဲ ၏သမီးတော်မာခါဖြစ်၏။-
2 Samuel 14:13အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏လူမျိုးတော်အား အဘယ် ကြောင့်မတရားပြုတော်မူပါသနည်း။ ပြည် နှင်ဒဏ်သင့်သူသားတော်ကိုပြန်လာခွင့်ပေး တော်မမူသဖြင့် အရှင်သည်ယခုပင်မိန့်ကြား တော်မူခဲ့သည့်စကားအရ မိမိကိုယ်ကို ပြန်၍အပြစ်ဒဏ်သင့်စေတော်မူပါပြီ။-
2 Samuel 14:32အဗရှလုံက``ငါ့အတွက်လျှောက်ထားပေးရန် သင့်အားဘုရင့်ထံသို့စေလွှတ်လိုသဖြင့် အခေါ် ခိုင်းခဲ့ပါ၏။ ငါသည်အဘယ်ကြောင့်ဂေရှုရမြို့ မှထွက်ခွာ၍ဤအရပ်သို့လာရောက်မိပါသ နည်း။ ထိုမြို့တွင်နေရသည်ကငါ့အတွက်ပို ၍ပင်ကောင်းမည်။ ဘုရင်နှင့်တွေ့ဆုံခွင့်ရရန် ငါ့အတွက်စီစဉ်ပေးစေလိုပါသည်။ အကယ် ၍ငါ့မှာအပြစ်ရှိခဲ့လျှင်မင်းကြီးသည်ငါ့ ကိုအဆုံးစီရင်တော်မူပါစေ'' ဟုယွာဘ အားပြော၏။