1 ဓမ္မရာဇဝင်ပထမစောင် 14:3
ထိုနောက်ဘုရင်၏ထံတော်သို့သွား၍ငါပြော သည့်အတိုင်းလျှောက်ထားလော့'' ဟုဆိုပြီး နောက်မင်းကြီးအားမည်သို့လျှောက်ထားရ မည်ကိုသင်ကြားပေး၏။
Common Language Bible
In The King James Version
And come to the king, and speak on this manner unto him. So Joab put the words in her mouth.
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 14
Cross References
Numbers 23:5ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆို ရမည့်စကားကိုမိန့်ကြားပြီးလျှင်ဗာလမ် ကိုဗာလက်ထံသို့ပြန်စေတော်မူ၏။-
2 Samuel 14:19မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။ အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်၏မေး ခွန်းကိုဖြေကြားရန်လွှဲဖယ်၍မဖြစ်နိုင်ကြောင်း ကျွန်တော်မကျိန်ဆိုလျှောက်ထားပါ၏။ မည်သို့ ပြုရမည်ကိုလည်းကောင်း၊ မည်သို့လျှောက်ထား ရမည်ကိုလည်းကောင်း သင်ကြားပေးသူမှာ ကိုယ်တော့်ကျွန်ယွာဘပင်ဖြစ်ပါ၏။-
Isaiah 51:16ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့် သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။
Jeremiah 1:9ထိုနောက်ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူ၍ ငါ၏နှုတ်ကိုတို့တော်မူပြီး လျှင်``နားထောင်လော့၊ သင်ပြောဆိုရမည့်ဗျာ ဒိတ်စကားကို ယခုပင်သင့်အားငါပေး၏။