1 ဓမ္မရာဇဝင်ပထမစောင် 17:2
မောပန်းစိတ်ပျက်နေချိန်၌သူ့အားအကျွန်ုပ် ဝင်ရောက်တိုက်ခိုက်ပါမည်။ ထိုအခါသူသည် ကြောက်လန့်သွားမည်ဖြစ်၍ သူ၏လူတို့သည် လည်းထွက်ပြေးကြပါလိမ့်မည်။ အကျွန်ုပ်သည် ဘုရင်တစ်ပါးတည်းကိုသာသတ်ပြီးလျှင်၊-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 17
Cross References
Deuteronomy 25:18သူတို့သည်ဘုရားသခင်ကိုမကြောက်ရွံ့ သဖြင့် သင်တို့အားကုန်၍မောပန်းလျက်ရှိ ကြစဉ် သင်တို့နောက်မှလိုက်၍တိုက်ခိုက်ကြ ၏။ နောက်ကျန်နေသူအားလုံးကိုလည်း လုပ် ကြံသတ်ဖြတ်ခဲ့ကြ၏။-
1 Kings 22:31ရှရိဘုရင်သည် မိမိ၏ရထားတပ်မှူးသုံးဆယ့် နှစ်ယောက်တို့အား ဣသရေလဘုရင်မှတစ်ပါး အခြားမည်သူကိုမျှမတိုက်ခိုက်ရန်အမိန့်ပေး ထားလေသည်။-
Zechariah 13:7အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-
Matthew 26:31ထိုနောက်သခင်ယေရှုက ``ကျမ်းစာတော်တွင် `ဘုရား သခင်သည်သိုးထိန်းကိုရိုက်သဖြင့်သိုးတို့သည် ကစဥ့်ကရဲဖြစ်ကြလိမ့်မည်' ဟုပါရှိသည်နှင့် အညီယနေ့ည၌ပင်လျှင်သင်တို့သည်ငါ့ကို စွန့်ပစ်၍ပြေးကြလိမ့်မည်။-
John 18:4သခင်ယေရှုသည်မိမိကြုံတွေ့ရမည့်အမှု အရာအလုံးစုံတို့ကိုသိတော်မူပြီးဖြစ်သည် အလျောက် ထိုသူတို့၏ထံသို့ကြွတော်မူလျက် ``သင်တို့မည်သူ့ကိုရှာကြသနည်း'' ဟုမေး တော်မူ၏။